ချစ်၍နေပါသော်လဲ🤍💚
အပိုင်း(၁၆)😘😘🤍💚
"အကိုလေး..အကိုလေး"
"အကိုလေး ဘယ်ရောက်သွားတာလဲ.."
အိမ်ရှိလူအကုန်မှန်သမျှ တော်ဝင်ကို တစ်အိမ်လုံး
အန့ှံလိုက်ရှာကြသည်။သွန်းသွန်းတို့တစ်ခြံလုံး
ပတ်ရှာပြီး အိမ်ရှေ့တွင် ဒေါ်ဒေလီနဲ့စုံသည်။"တွေ့လား"
သွန်းသွန်းခေါင်းခါလိုက်သည်။ ထိုစဉ် ဓနစီးလာ
တဲ့ကားက ဆင်ဝင်အောက်ထဲရောက်နေပြီဖြစ်
သည်။ ဓန ကားပေါ်ကဆင်းလာလာချင်း မျက်နှာ
ပျက်နေကြတဲ့ သွန်းသွန်းတို့ကိုကြည့်ပြီး ဓန စိုးရိမ်
သွားရသည်။"ဘာဖြစ်နေကြတာလဲ.."
"ဟို အကိုလေး"
တော်ဝင်က သခင်လေးခေါ်တာမကြိုက်တာ
ကြောင့် အကိုလေးလို့ပြောင်းခေါ်ကြသည်။သွန်းသွန်းရဲ့ တစ်ပိုင်းတစ်စနဲ့ ရပ်သွားတဲ့စကားာက ဓနကို ပိုစိတ်လှုပ်ရှားစေသည်။
"တော်ဝင် ဘာဖြစ်လို့လဲ ပြောစမ်း"
ဓန အသံကကျယ်ပြီးဟိန်းထွက်သွားသည်။
"တော်ဝင်လေး ပျောက်သွားတယ်လူလေး တစ်
အိမ်လုံးတစ်ခြံလုံးရှာပြီးပြီမတွေ့ဘူး..""အဲ့ဒါကို ခင်များတို့က ဖုန်းတစ်ချက် မဆက်ပဲ
ငြိမ်နေကြပါလား.."ပျောက်နေတယ်ဆိုတာ ခုနကလေးမှသိတာပါ..
သွန်းသွန်း တုန်တုန်ချိချိနဲ့ ကြောက်လန့်စွာ ထူး
ထောက်လိုက်သည်။"ကျွန်မသေသင့်ပါတယ် သူဌေး အကိုလေးက သူ
အိပ်တော့မယ် တစ်ယောက်မှအခနနားမနေကြ
တော့နဲ့ဆိုလို့တစ်ခြားအလုပ်သွားလုပ်နေတာပါ
အကိုလေးဘာပြောပြော အခန်းနားကမခွာပဲနေ
ရမှာပါ..""တောက်"
ဓန အိမ်ထဲကို မဝင်တော့ပဲ အခြေနေကြည့်ပြီး
ရပ်နေတဲ့ကားပေါ် ပြန်တက်လိုက်သည်။"ဒေါ်ထိပ်တင်ထား တို့ရှိတဲ့ တိုက်ခန်းကို အမြန်
နှုန်းနဲ့မောင်း..""ဟုတ်ကဲ့..CEO"
သူ့အဖွားဆီကို သွားတာလို့စိတ်ထဲသိပေမဲ့ ..
ဘာကြောင့်မှန်းမသိစိုးရိမ်စိတ်က ငယ်ထိတ်မြွေ
ပေါက်သလိုပူလောင်နာကျင်နေခဲ့သည်။