ချစ်၍နေပါသော်လဲ💚🤍
အပိုင်း(၁၉)💚🤍😘👨❤️💋👨
"ဖြန်း.."
"မင်း.."
ဓန မျက်လုံးတို့ မီးပွင့်မတက်ဖြစ်သွားပြီး တော်ဝင်
ကိုပြေးပွေ့ဖို့လက်ဟန်ပြင်လိုက်စဉ် သို့သော် အနားမှာရှိနေတဲ့ ဝဏဆီသာ တော်ဝင်က ပုံကျသွား
ခဲ့ရသည်။"တော်ဝင် ရလား ထပါဦး.."
ဝဏ တော်ဝင်ကို ကိုင်လှုပ်ပြီးခေါ်နေသည်။
သို့သော် တော်ဝင်ကသတိမေ့နေပြီဖြစ်သည်။ဓန တော်ဝင်ဆီလျှောက်လာတော့ ဆုယောင်း
ကဓနရှေ့ကနေ လက်ကိုဆန့်တားထားကာ.."သူ့လို အကျင့်ပျက်လူတစ်ယောက်ဆီ ချန်သွားစရာမလိုဘူး.."
"ဖယ်စမ်းပါ.."
"အား.."
ဆုယောင်း နေက်ပြန်ဖင်ထိုင်ရက်လဲကျသွားရ
သည်။သို့ပေမဲ့ ဓနက လှည့်မကြည့်ပဲ တော်ဝင်ဆီ
လျှောက်သွားသည်။"ကျွန်တော် ခေါ်သွားမယ်",
"သူသတိမေ့နေပြီ.."
"ကိစ္စမရှိဘူး ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်..^
ဓန ဝဏဆီကနေ တော်ဝင်ကို ပွေ့ချီပြီး ခြေလှမ်း
ကျဲကြီးတွေနဲ့ လှည့်ထွက်သွားသည်။"အား...အဲ့လိုမျိုးမဖြစ်ရဘူး..ချန် အဲ့ဒီကောင်ကိုာလွှတ်လိုက်.."
ဝဏက တစ်ဘုတ်ဘုတ်ခါလိုက်ပြီး ထိုင်နေရာက
နေထသွားသည်။ ဒါပေမဲ့.."ဒီမှာ ရှင်ဘာလို့ အဲ့ဒီကောင်ကို ချန်ဆီပေးလိုက်
တာလဲ..""သူတို့က လက်ထပ်ထားတာမဟုတ်ဘူးလား"
"ဟုတ်တယ်.."
"အဟွန်း"
"ရှင်သူ့ကိုကြိုက်နေတာမို့လား..ဘာလို့အခွင့်ရေးကို
လက်လွှတ်လိုက်တာလဲ.,""မင်းဘယ်သူလဲဆိုတာမသိပေမဲ့..မင်းကရူးနေတာပဲ..ငါက ကာမပိုင်ရှိတဲ့လူတစ်ယောက်ကို စိတ်နဲ့
တောင်ပြစ်မှားဖို့ စိတ်ကူးမရှိဘူး..ဒါပေမဲ့ အမိက
တော့ ငရဲမကြောက်ပဲ..သူများယောက်ျားကို သွား
ကြိုက်နေတာပဲ..ဘာဖြစ်ဖြစ် ခင်များနောက်ကျသွားပြီ လက်လျှော့လိုက်ပါတော့.."