ချစ်၍နေပါသော်လဲ👨❤️💋👨👨❤️💋👨
အပိုင်း(၆)💚🤍
"အား...ခေါင်းကိုက်လိုက်တာ"
တော်ဝင် ခေါင်းလေးကိုဖိနှိပ်ပြီး ကုတင်ပေါ်က
ဆင်းလိုက်သည်။နောက်တော့ ရေချိုးခန်းဝင်ပြီး
ရေချိုးလိုက်သည်။"ဝါး အခုမှလန်းသွားတာပဲ"
တော်ဝင် ရေပန်းအောက်မှာ မျက်နှာမော့ခံထား
ရင်း ဓနမျက်နှာကြီးက အတွေးထဲဝင်လာသည်။"မင်း ငါ့ကိုလက်ထပ်ချင်လား"
"ဟား...ငါတော့ရူးနေတာပဲ မင်းဓနရှင်လား ငါ့ကို
ပြောမှာ"ထိုနောက် ဓနကျောပေါ် ခုန်တက်လိုက်တဲ့အမူ
အရာက အသိထဲတွင်ကွက်ကွက်ကွင်းကွင်း ပြန်
ပေါ်လာသည်။"အား...သွားပြီ ငါတော့ရူးငွားပြီထင်တယ်"
တော်ဝင်ရေပန်းအောက်ကထွက်ပြီး ရေလဲပုဝါကို
လှမ်းယူလိုက်သည်။"ဟုတ်တယ် ညကငါမူးနေလို့ ဘာမှမမှတ်မိဘူး
အဟေ ငါလေးဉာဏ်ကောင်းလိုက်တာ""ဟင်း...ဗိုက်ဆာလိုက်တာ"
💚🤍💚🤍💚🤍💚🤍💚🤍💚🤍💚
"အင်း ခေါင်းပဲနည်းနည်းလေးကိုက်တာ တော်ဝင်
စိမ်းခတ်နွယ်နဲ့ဖုန်းပြောရင်း အခန်းထဲကထွက်လာ
သည်။ဝဏ ကတောင်ပြောနေတေယ်....
"စီနီယာကလား ဘာပြောတာလဲ"
"နင်က မူးနေရင်းတောင် ချစ်စရာလေးတဲ့"
"ဟား...ဟား"
တော်ဝင် သဘောကျစွာ ရယ်မောလိုက်သည်။
ထိုစဉ် နှာခေါင်းထဲကို အလုံးအရင်းနဲ့ ဝင်လာတဲ့
အနံ့တစ်ခု..."ခဏ...စိမ်းခတ်"
တော်ဝင် ဖုန်းချပြီး ထမင်းစားခန်းထဲပြေးဝင်လာခဲ့သည်။
"ဟင်"
ဒေါ်ဒေလီယာက....တော်ဝင်ကို ပြုံးရွှင်စွာရယ်ပြ
ပြီးခေါင်းညွှတ်ပြသည်။"ဒေါ်ဒေလီယာလို့ ခေါ်ပါတယ်"
"ဟုတ်ကဲ့ မင်းဓနရှင်ကအလုပ်ခန့်လိုက်တာလား"