ချစ်၍နေပါသော်လဲ🤍💚
အပိုင်း(၈)😘😘👨❤️💋👨👨❤️💋👨
"တော်ဝင်...နေဦး"
ဓနခေါ်သံကို ကြားပေမ့ဲ တော်ဝင်လှည့်မကြည့်ပဲ
ထွက်လာခဲ့သည်။"နေဦးလို့ပြောနေတာကို"
စကားသံနဲ့အတူ ဓန တော်ဝင်ရဲ့လက်တစ်ဖက်ကို
ဖမ်းဆွဲထားလိုက်သည်။"ဘာပြောစရာရှိလို့လဲ"
ဓန တော်ဝင်ကို မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပြီး
"မင်း...ကြားတယ်မို့လား"
တော်ဝင် မျက်တောင်လေးပင့်လိုက်ပြီး မသိသလို
ဟန်ဆောင်နေလိုက်သည်။"မကြားဘူး"
"တစ်ကယ်လား"
"အင်း"
"မကြားဘူးတော့ ဟုတ်ပါပြီ ကိုယ်ဘာကိုမေးမှန်း
သိလို့လား""ဟင်"
"ကိုယ်မေးတာကိုမင်းသိနေတာပဲ.."
"မသိပါဘူးဆိုကွာ..လွှတ်"
တော်ဝင် ဓနလက်ကိုဖယ်ချလိုက်သည်။
"မင်းကို ချစ်တယ်"
"ဟင်"
"တ တကယ်"
"မဖြစ်နိုင် ဘယ်လောက်မှမကြာသေးပဲ"
"မကြာသေးပေမဲ့ ချစ်လို့မရဘူးလား"
"အဲ့ဒီလိုတော့မဟုတ်ဘူးပေါ့..ဒါပေမဲ့မင်း
တော်ဝင်ကို ရောင်းစားဘို့လုပ်ခဲ့တာလေ""တစ်ကယ်ရောင်းတယ်ထင်လို့လား"
"အင်း"
"ရောင်းပါ့မလားကွ ကိုယ်ချစ်တဲ့သူကို"
"ဟင်"
"ကိုယ်မကျေနပ်လို့မင်းတို့ဆီ ချဉ်းကပ်ခဲ့တာမှန်
ပေမဲ့ မင်းကိူစိတ်ဝင်စားလို့ဆိုရင်လဲမှန်တယ်
ငယ်ငယ်တုန်းကကတိပေးခဲ့တာမှန်ပေမဲ့ မင်းကို
မြင်တော့ တစ်ကယ်အတည်ဖြစ်သွားတာ""အင်း"
"မင်း ၆နှစ် ကိုယ် ၁၆နှစ်"
"ဗျာ"
"မင်းကငယ်သေးတော့မှတ်မိချင်မှမှတ်မိလိမ့်မယ်
မင်းတို့အိမ်မှာ ကိုယ့်အမေနဲ့လိုက်နေဘူးတယ်"