ချစ်၍နေပါသော်လဲ💚🤍
အပိုင်း(၉)😘😘👨❤️💋👨👨❤️💋👨
ဇော်ဂျီနဲ့ ယူနီပါ ဖက်မရကြဘူးဆိုလို့
"ဟာ...နဂါးရုပ်လေး"
တော်ဝင် အော်ပြီးနဂါးရုပ်လေးကိုပြေးကိုင်သည်။
"မကိုင်နဲ့"
ဓန အော်သံကြောင့်...နဂါးရုပ်လေးကို ကိုင်ကာနီး
တော်ဝင် လက်ကရပ်သွားသည်။"သားသား ဒီနဂါးရုပ်လေးလိုချင်တယ်"
"ယူလို့မရဘူး...ဒါက ငါ့ဖေဖေရဲ့တစ်ခုတည်းသော
လက်ဆောင်""ကိုကို့ ဖေဖေ"
"အင်း"
"ကိုကိုဖေဖေလဲ သားသားဖေဖေလို နိုင်ငံခြားမှာလား"
"မဟုတ်ဘူး"
"ဘယ်မှာလဲ"
"သေသွားပြီ"
"သေသွားပြီဆိုတာ..ဘာလဲဟင်"
"အနားမှာမရှိတော့တာကိုပြောတာ"
တော်ဝင် နူတ်ခမ်းလေးမဲ့သွားပြီး ဓနကို သူ့လက်
သေးသေးလေးတွေနဲ့သိုင်းဖက်လိုက်သည်။"ကိုကိုမသေရဘူးနော် ဟီးဟီး"
"ဟာ...မငိုနဲ့လေ"
"ကိုကို မသေဘူးလားဟင်"
"မသေဘူး...မသေဘူးဟုတ်ပြီလား"
"တော်ဝင်မျက်ရည်တွေကို လက်လေးနဲ့ဖိသုတ်
လိုက်ပြီး""တစ်ကယ်လား"
"အင်း"
"ကတိ"
"ကတိကြာ"
တော်ဝင်မျက်နှာလေး ပြုံးသွားသည်။ တော်ဝင်
အပြုံးကြောင့် ဓနလဲပြုံးသွားရသည်။"သို့သော်"
"ထိုအပြုံးတို့က တာရှည်မခံပေ"
ဘာဖြစ်လို့လဲဆိုတော့...အိမ်မကြီးဆီမှ ဆူညံသံ
တွေကြောင့်ဖြစ်သည်။ဓန အိမ်ကြီးဆီပြေးလာခဲ့သည်။ အိမ်ကြီးဆီအ
ရောက်တွင်တော့ ဓန မျက်လုံးတို့ကျဉ်းမြောင်း
သွားရသည်။ဒေါ်မြတ်တော်ဝင် အခန်းကအပေါ်ထပ်မှာမို့
ဓန အပေါ်မတက်ရဲပဲမော့ကြည့်နေမိသည်။