ချစ်၍နေပါသော်လဲ💚💚

857 32 2
                                    

ချစ်၍နေပါသော်လဲ💚🤍

အပိုင်း(၂၀)ဇာတ်သိမ်း👨‍❤️‍💋‍👨😘😘

"အကိုလေး.."

သွန်းသွန်းခေါ်နေပေမဲ့ တော်ဝင်မကြားမိပါ
တော်ဝင် ဝရန်တာလေးမှာထိုင်ပြီး အဝေးကိုငေး
နေမိသည်။

"အကိုလေး"

တော်ဝင်ကထူးတာမဟုတ်ပဲ လှည့်ကြည့်လိုက်ပြီး..

"သွန်းသွန်း.."

"ရှင်.."

မင်းရော ကိုကိုသေသွားတယ်လို့ ထင်လား...

"အဲ့ဒါကလေ လေယာဉ်တောင် အပိုင်းအစပဲ
ရှာတွေ့တာဆိုတော့လေ.."

တော်ဝင် သွန်းသွန်းကို မျှောမလင့်တကြီး ကြည့်
နေမိပေမဲ့...မျက်နှာလွှဲလိုက်သည်။

"မင်းလဲ ကိုကိုသေသွားပြီလို့ ထင်နေပြီကို.."

"အကိုလေး တစ်ခုခုစားမလား.."

"မစားတော့ဘူး.."

🤍💚🤍💚🤍💚🤍💚🤍💚🤍💚🤍

"ဝုန်း,.."

တံခါးဆောင့်ဖွင့်လိုက်သံကြောင့် ရုံးခန်းထဲထိုင်နေတဲ့ ဂျိန်း ခေါင်းထောင်သွားရသည်။ ဆုယောင်းက
သူဌေးနေရာမှာထိုင်ပြီး စာရွက်စာတမ်းတွေကြည့်
နေတဲ့ ဂျိန်းကို နူတ်ခမ်းမဲ့ကြည့်လိုက်ပြီး...

"ရှင်ဘာလုပ်နေတာလဲ,."

"အလုပ် လုပ်နေတာလေ.."

"အဲ့ဒါ ချန်နေရာ.."

ချန်ဆိုတဲ့ နေရာလေးမှာ ဆုယောင်းအသံကတုန်
သွားခဲ့သည်။

"ငါသိသားပဲ အကိုကြီးနေရာဆိုတာ ဒါပေမဲ့ အ
လုပ်ကအလုပ်ပဲ..ပစ်ထားလို့မှမရတာ..ငါလုပ်တာ
မကြိုက်ရင် မင်းဝင်လုပ်လေ.."

"အဟင့်.."

ဆုယောင်းရယ်နေပေမဲ့ ရှိုက်သံသဲ့သဲ့ထွက်လာခဲ့
သည်။

"ဂျိန်း ချန်ကတစ်ကယ်သေသွားတာလား.."

"ညာပြောတယ် ထင်ရင် ကိုယ့်ဘာသာစုံစမ်းလေ"

"မဟုတ်ဘူး မတွေ့တာ ၅ရက်ပဲရှိသေးတာ..မယုံ
နိုင်ဘူး...အဲ့လိုမှန်းသိရင် ဆုယောင်း လိုက်သွား
ပါတယ်.."

You've reached the end of published parts.

⏰ Last updated: Nov 30, 2020 ⏰

Add this story to your Library to get notified about new parts!

ချစ်၍နေပါသော်လဲWhere stories live. Discover now