ချစ်၍နေပါသော်လဲ👨❤️💋👨👨❤️💋👨
အပိုင်း(၅)💚🤍
"ချပ်...ချပ်"
"အောင်မလေးဗျ"
တံခါးဖွင့်လိုက်တော့..မျက်နှာတည်ကြီးနဲ့စိုက်
ကြည့်နေတဲ့ ဓနကြောင့် တော်ဝင်လန့်သွားရ
သည်။"ဘာမဟုတ်တာလုပ်ထားလို့...ဒီလောက်လန့်နေရတာလဲ"
"မဟုတ်တာ"
"တစ်ခြားသူတွေနဲ့တွေ့တာ မကြိုက်ဘူး"
"တွေ့တော့ ဘာဖြစ်"
"ငါက မင်းအကြွေးရှင်နော်...ကတ်ကတ်လန်ရန်
တွေ့တာတွေကြည့်ရှောင်""ဟုတ်ကဲ့ပါဗျ.....အကြွေးရှင်"
တော်ဝင် တစ်မင်တစ်ခါခေါင်းညွှတ်အရိုအသေ
ပေးလိုက်သည်။တော်ဝင် အိမ်ဘက်ကိုလျှောက်သွားတော့လဲ ဓန
ကနောက်ကလိုက်လာသည်။တော်ဝင် ဆက်ကနဲလှည့်ကြည့်ပြီး...ဆန့်ငင်
ဆန့်ငင်နဲ့ဆက်သွားသည်။"ဘာဖြစ်နေတာလဲ...လှည့်ကြည့်လှည့်ကြည့်နဲ့"
"မင်းနောက်က လိုက်နေလို့"
"လမ်းမသိ...ခွေးနောက်လိုက်ဆိုလို့"
"ဘာ...မင်း...မင်းက တော်ဝင်ကိုခွေးလို့ပြောတာ
ပေါ့""ပြောမိလို့လား...ငါ့အိမ်ဆီငါသွားနေတာကို"
"လက်သီးလေးစုပ်ကာ အံကြိတ်ပြီး စိုက်ကြည့်နေတဲ့ တော်ဝင် ကို ဓန ခပ်စူးစူးစိုက်ကြည့်ပြီး"
"မေ့ပြီး...လဲသေသွားဦးမယ်"
"ဘာ"
"လူပုစိတ်တိုနဲ့"
"ဘာ...မင်းဘာပြောလိုက်တယ်"
တော်ဝင် ဓနရှေ့ကို ဖျက်ကနဲရောက်သွားရသည်။
"ဘာလို့ နောက်ကလိုက်နေတာလဲကွ... ဖယ်"
"ခုနက ပြောတာပြန်တောင်းပန်"
"ဘယ်ဟာကိုလဲ"
"လူပုစိတ်တိုဆိုတာ"
"မပုလို့လား"
"၅ပေ၅လက်မရှိတယ် ဘယ်မှာပုလို့လဲ"
"ငါကခြောက်ပေကျော်တယ်"