ချစ်၍နေပါသော်လဲ💚🤍
အပိုင်း(၁၇)😘😘💚🤍
"လွန်ခဲ့သော ၁၀ နှစ်ခန့်က..."
"ဟေ့ မြတ်တော်ဝင်..မြတ်တော်ဝင် နင်နဲ့တော့ ငါ
ရူးချင်တော့တာပါပဲ.."ဒေါ်ထိပ်တင်ထားကပြောရင်..ခြံတစ်ခုလုံးပတ်ရှာ
သည်။ ဓနရဲ့ အမေသေတာသူ့ကြောင့်ဆိုပြီး စိတ်
ရူးဖောက်တိုင်း ချောင်တစ်နေရာရာ ပုန်းနေတက်
သည်။အခုလဲ ဒေါ်မြတ်တော်ဝင် စံပါယ်ပန်းရုံနားတွင်
ငုတ်တုတ်လေးထိုင်ပြီး ပုန်းနေခဲ့သည်။"မြတ်တော်ဝင်.."
"ရှုး ရဲတွေလာလိမ့်မယ် တိတ်တိတ်နေ.."
ဒေါ်မြတ်တော်ဝင်က နူတ်ခမ်းထပ် လက်ညိုးလေး
ကန့်လန့်တင်ပြီး လူကလဲ ဂဏှာမငြိမ်..."ရဲတွေပြန်သွားပြီ လာထမင်းစားကြစို့.."
"တစ်ကယ်လား.."
"တစ်ကယ်ပေါ့.."
"ဟေ ဟေ ထမင်းစားမယ် အမေလုပ်ပါဦး ဟို
ဟိုမှာ မိန်းမကြီးကစိုက်ကြဘ့်နေတယ်.."ဒေါမြတ်တော်ဝင်က ပြောလဲပြော ..
ဒေါ်ထိပ်တင်ထား နောက်တွင်ဝင်ပုန်းလိုက်သည်။"ဘယ်မှာလဲ.."
"အားအမေလုပ်ပါဦး..လက်သည်းရှည်တွေနဲ့ လာ
ကုတ်တော့မယ်.."ဒေါမြတ်တော်ဝင်က အာခေါင်ခြစ်အော်ပြီး အိမ်
ထဲပြေးဝင်သွားသည်။"ဟင်း..ဒီအရူးမနဲ့တော့.."
သူမကသာ ကျိန်ဆဲချင်ကျိန်ဆဲမည်..
ဒေါ်မြတ်တော်ဝင် နည်းနည်းစိတ်ဖောက်နေ
ကတည်းက..ဆေးရုံသွားပြရင် ကောင်းနိုင်ပေမဲ့
တော်ဝင်နန်းမြိုင် စံအိမ်မှာ ရူးနှမ်းသူမရှိဆိုတဲ့
ဂုဏ်ပုဒ်ကြောင့် ရပ်ကွက်လဲအသိမခံသလို အမြဲာလိုလို ဒေါ်မြတ်တော်ဝင်ကို အိမ်ထဲမှာပိတ်လှောင်
ထားသည်။အဝေးရောက်နေတဲ့..ယောက်ျားနဲ့ သားကတော့
ဒေါ်မြတ်တော်ဝင် အဖြစ်အပျက်ကို နည်းနည်း
လေတောင်မသိခဲ့ မရိပ်မိခဲ့ကြပေ..💚🤍💚🤍💚🤍💚🤍💚🤍💚🤍💚
"မစားဘူး.."
"မစားရင် နင်သေသွားမှာပေါ့ စား"