အပိုင်း - ( ၁ )

15.6K 623 4
                                    

[ ချန်လင်းမြို့ထဲသို့အရိုးစုမကောင်းဆိုးဝါးဝင်ရောက်လာခြင်း ]

ညစ်ပေစုတ်ပြတ်နေသောတောက်ဓမ္မဝတ်စုံ ဝတ်ထားသောအဖိုးအိုတစ်ယောက်က ပျက်ယွင်းသောမျက်နှာ ကြောက်လန့်နေသောအသံဖြင့် ချန်လင်းမြို့ထဲသို့ အော်ဟစ်ကာဝင်ရောက်လာခဲ့သည်။

"မကောင်းတော့ဘူး မကောင်းဆိုးဝါးတွေဒီမြို့ကိုရောက်လာကြပြီ !!"

မြို့လေးမှာနာမည်မကြီးသည့်တိုင် ကြွေထည်များပြုလုပ်ကာအခြားမြို့များသို့ ရောင်းချသောကြောင့် အတန်ငယ်နာမည်ရနေသော လူဦးရေနည်းသည့်မြို့လေးတစ်မြို့ဖြစ်လေသည်။

လက်လုပ်လက်စားဘဝများဖြင့်နေထိုင်သော သူများဖြစ်တာကြောင့် ကျင့်ကြံသူများမရှိသလို
မကောင်းဆိုးဝါးများကိုမြင်ဖို့ဝေးစွ။

တောက်ဓမ္မဝတ်ရုံအဖြူရောင်ကိုမြင်သည့်တိုင် ညစ်ပတ်နေသောကြောင့် စိတ်မနှံ့သောအဖိုးအိုတစ်ယောက်လို့မှတ်ယူကြပြီး။

"ဟုတ်ပါပြီ အဖိုး ရေလေးသောက်ပါဦး"

အဖိုးအိုပြောသောစကားများကို မည်သူမှမယုံကြပေ။

မကောင်းဆိုးဝါးများလက်ထဲက အသက်လုကာပြေးလာသော အဖိုးအိုမှာရေကိုအငမ်းမရသောက်ပြီးနောက်။

"မင်းတို့အခုမြို့ကနေထွက်ခွာကြတော့ မကောင်းဆိုးဝါးတွေဒီကိုရောက်တော့မယ်"

"ဗိုက်ဆာနေလား အဖိုး ကျွန်တော်မစားရသေးတဲ့ ပေါက်ဆီတွေတော့ရှိသေးတယ်"

"ငါပြောတဲ့စကားကိုနားထောင် ထွက်ပြေးကြပါတော့"

မည်သူမှသူ့စကားကိုမယုံပေးခဲ့ပေ။ မြို့သူမြို့သားမှာလည်း သူတို့အလုပ်ကိုဆက်လုပ်နေကြတော့သည်။

"မကောင်းတော့ဘူး ချင်ချူဂိုဏ်းကိုအကြောင်းကြားရမယ် အကြောင်းကြားရမယ် "

လီပေါင်းများစွာကွာဝေးသောအနေအထားသို့ပို့လွှတ်ပေးပါရန် ထိုသူ့တွင်ရှိသောချီစွမ်းအင်များစွာကို အသုံးပြုရလေသည်။
အစီအရင်ဆွဲပြီးသည့်အခါ ချင်ချူဂိုဏ်းရဲ့အကြီးအကဲထံသို့ ပေးပို့ပြီး​နောက် သူ့တွင်ချီစွမ်းအင်တစ်စက်မျှမကျန်ရှိတော့ဘဲ ရွှေအမြုတေကွဲလုနီးပါး။

Please Shizun , Don't Eat Mud ! Where stories live. Discover now