- 1 -

24.9K 675 13
                                    

Zawgyi

ဝမ်ရိပေါ်……

ဟိုင်း…ကျွန်တော်နာ့မည် ဝမ်ရိပေါ်ပါ။
ကျွန်တော်က အခုပေကျင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာ အထူးပြုနဲ့ ပထမနှစ်ကို စတင်တင်ရောက်မှာ ဖြစ်ပါတယ်။

ကျွန်တော့မှာ ဟောက်ရွှမ်းရယ် ကျိရန် တို့က သူငယ်ချင်းအဖြစ်ရှိပြီး လင်းအာဆိုတဲ့ ကောင်မလေးကတော့ ကျွန်တော်နဲ့ အထက်တန်းက တွဲခဲ့တဲ့ ချစ်သူ ဖြစ်ပါတယ်။

အခု ပထမဆုံး ကျောင်းတက်ရက်မှာတွင်ပဲ မိုးလေးက တဖွဲဖွဲရွာနေပြီး ကျွန်တော်ကတော့ ကိုယ်ပိုင်ကားလေးနဲ့ ချစ်သူလေးကို ဝင်ခေါ်ပြီး ကျောင်းသို့ လာခဲ့တယ်။

ကားကို အပြင်မှာ ရပ်ခဲ့ပြီး ချစ်သူလေးကို ထီးလေးဆောင်းကာ စကားတစ်ပြောပြောနဲ့ ဟောက်ရွှမ်းတို့ချိန်းထားတဲ့ ကန်တင်းဆီသို့ လမ်းလျှောက်လာသည်။

ဘုတ်!!

လူတစ်ယောက်က အနောက်ကနေ အပြေးအလွှားလာပြီး လင်းအာကို ဝင်တိုက်ကာ လင်းအာက အရှိန်မထိန်းနိုင်ဘဲ မိုးဖွဲဖွဲ
ရွာထားတဲ့ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်ကျသွားသည်။

"ညီမလေး…ရရဲ့လား။အကိုတောင်းပန်ပါတယ်နော်"

ဝင်တိုက်တဲ့ သူကို ကြည့်မိသွားတော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ အသားဖြူဖြူ။ကျွန်တော့်တို့ထက်တော့ စီနီယာကျမည့်ပုံ။

"အခု ကျွန်မ အဝတ်တွေ အကုန်စိုကုန်ပြီ။ရှင် ဘယ်လိုလုပ်ပေးမှာလဲ"

ထိုလူက ကျစ်တစ်ချက်စုတ်သည်။ဘာလဲဟ…သူပဲ ဝင်တိုက်ပြီးတော့…။

"အကို တောင်းပန်ပါတယ်နော်။အိမ်ပြန်ပြီး လဲလို့ရရင် ပြန်လဲလိုက်မယ်။ကိုယ့်မှာ အခု အရေးကြီး ကိစ္စရှိနေလို့ပါ"

"ပထမဆုံး ကျောင်းတက်တဲ့ နေ့မှာ ဘယ်ကျောင်းသားမှ
အရေးကြီး ကိစ္စ မရှိဘူး။အပိုတွေ ပြောတာ တော်ပါတော့။"

ကျွန်တော် သူတို့နှစ်ယောက် ပြောနေတာကိုပဲ နားထောင်နေပြီး ဘာမှဝင်မပြောဘဲ အရှေ့က လူကိုသာ ကြည့်နေမိသည်။
လက်က စာရွက်တွေ ကြည့်လိုက်တော့ ရေအနည်းငယ် စိုနေပြီး ကျောင်းအပ်ရာတွင် ဖောင်ဖြည့်မည့် စာရွက်တွေ။
သူက အခုမှ ကျောင်းအပ်မလို့လား။

Could U Be Here With Me Forever ? [ Competed ]Where stories live. Discover now