1 ( Unicode )

5.6K 361 3
                                    


ရှောင်ကျန့်ဘဝကို ပြောင်းလဲစေတဲ့
အရာတစ်ခုရှိတယ်။
အဲ့ဒါ ပေါင်ပေါင် ဆိုတဲ့ကြောင်လေး။

ရှောင်ကျန့်က ငယ်ငယ်ကတည်းက
ဂျစ်ကန်ကန် ။ အဖေရော အမေရောနဲ့
နွေးနွေးထွေးထွေးမနေခဲ့ရတဲ့ ကလေး။
သူ့ အသက် ၁၄ နှစ်အရွယ်မှာ
အဖေက အိမ်ပေါ်ကဆင်းသွားတယ်။
အမေကလဲ နောက်အိမ်ထောင်ပြုသွားတယ်။

ရှောင်ကျန့်ကို သူ့ဦးလေးက ကျွေးမွေးထားပေမဲ့
ရှောင်ကျန့်က လုံးဝကျေးဇူးမတင်ဘူး။
တကယ်ဆို သူက တစ်ယောက်ထဲနေချင်တာ။
အခု နေနေရတဲ့ ဦးလေးအိမ်ဘေးက
ဝမ်ရီပေါ်ဆိုတဲ့ကောင်လေးကိုလဲ
ရှောင်ကျန့်က အရမ်းအမြင်ကတ်တာပဲ။
အဲ့ကောင်လေးက တစ်ခါတစ်လေ
အိမ်ရှေ ့လမ်းမှာ စကိတ်ထွက်စီးပြီး
ရှောင်ကျန့်ကို တာ့တာ လှမ်းပြတတ်တယ်။
ရှောင်ကျန့်ကတော့ အဖက်မလုပ်ပါဘူး။

ပေါင်ပေါင်ဆိုတာ ရှောင်ကျန့်အသက်
၁၉ နှစ်မှာ ဝယ်ထားတဲ့ ကြောင်လေး။
ပေါင်ပေါင်က အဖြူရောင်မကျ
မီးခိုးရောင်မကျလေး
နှာခေါင်းပန်းရောင်လေးရယ်၊
မျက်လုံးအပြာလေးရယ်နဲ့
အရမ်းချစ်စရာကောင်းတာ။
ပေါင်ပေါင်ကလဲ ရှောင်ကျန့်လိုပဲ
အရမ်းအပျင်းထူတယ်။

ပေါင်ပေါင်က ကျောင်းဖွင့်ရက်တွေမှာ
ရှောင်ကျန့်  ကျောင်းကိုလိုက်လာပြီး
သစ်ပင်အောက်မှာ အိပ်နေတတ်တယ်။
ကျောင်းက ကျောင်းသားကျောင်းသူတွေက
ပေါင်ပေါင့်ဆို အသဲစွဲပဲ။
ဒီလိုနဲ့ ကျောင်းမှာ ပေါင်ပေါင်နဲ့တူတူ
ရှောင်ကျန့်ကလည်း တဖြည်းဖြည်းနဲ့
ရေပန်းစားလာပါလေရော ...

ရှောင်ကျန့်က ဂျစ်ကန်ကန်ပေမဲ့
စွဲဆောင်မှုရှိတယ်။
ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့။
နှုတ်ခမ်းအောက်က မှဲ့လေးကတော့
ရှောင်ကျန့်ရဲ့ logo ပဲ။

ရှောင်ကျန့်က တက္ကသိုလ်တစ်လျောက်လုံး
ရည်းစားခြောက်ယောက်ထားတယ်။
လေးယောက်က မိန်းကလေး။
နှစ်ယောက်က ယောကျာ်းလေး။
မိန်းကလေး  လေးယောက်ထဲက
တစ်ယောက်ကဆို ရှောင်ကျန့်ကို
စာသင်ပေးတဲ့ ဆရာမငယ်ငယ်လေး။

ရှောင်ကျန့်က သူတွဲချင်တဲ့စိတ်ရှိရင်
ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
သိပ်တော့ အာရုံမထားပါဘူး။
ရှောင်ကျန့်ရဲ့ ရည်းစားဖြစ်ချင်တယ်ဆို
အချက် ၃ ချက်ပဲလိုတယ်။

ရုပ်ချောရမယ်။
ကိုယ်စားတာကိုယ်ရှင်းရမယ်။
ပေါင်ပေါင့်ကိုချစ်ရမယ်။

Don't Touch My CatWhere stories live. Discover now