14 ( Zawgyi )

1.2K 79 2
                                    


" ဝမ်ရီပေါ်   ၊ ကျိုးကျင့် ၊ လီကျင်း တို့
သုံးယောက်လုံး နိုင်ငံတော်အဆင့်
training အတွက် အတန်းတစ်ပတ်နားခွင့်ရှိတယ်။
ဝမ်ရီပေါ်က အိုလံပစ် ပြိုင်ဖူးတဲ့သူဆိုတော့
ခေါင်းဆောင်လုပ်ပြီး train ပေးလိုက် "

" ဟုတ် "

အပျော်အပါးတွေပြီးတာနဲ့
စာမေးပွဲတွေအတွက် ပြင်ဆင်ရပါပီ။
တက္ကသိုလ်ကာလတွေက ဒီလိုပဲ ...

ဝမ်ရီပေါ်က အိမ်မပြန်တော့ဘဲ
ကျောင်းက အဆောင်မှာအိပ်တာ
၂ရက်လောက်ရှိပြီ။
နိုင်ငံတော်အဆင့်ဆိုတာမျိုးက
အိုလံပစ်လောက်ထိ မခက်ပေမဲ့
တော်တော်ခက်တဲ့အထဲပါတယ်။

အိုလံပစ်မှာဆိုရင် တစ်နေကုန်လုံးမှ
ပုဒ်စာ ၁ ပုဒ်ပဲ တွက်ရတာမျိုးရှိတယ်။
ရီပေါ့်တို့လို လူမျိုးအတွက်တောင်
အိုလံပစ်မေးခွန်းကို နားလည်အောင်ဖတ်ဖို့
အချိန် ၁နာရီခွဲလောက်အနည်းဆုံးကြာတယ်။
အဲ့ဒါ တစ်ကယ်နော်။ တချို့ဆို
၆နာရီ ၇နာရီလောက်ကြာမှ တစ်ပုဒ်ပြီးတာ။
အိုလံပစ်ဆိုတာမျိုးက အဲ့လောက်ထိခက်တယ်။

နိုင်ငံတော်အဆင့်ဆိုတာလဲ စိန်ခေါ်မှုတစ်ခုပဲ။
ပထမရတဲ့သူကို Oxford မှာ ၅ရက်
အလည်ပတ်ရင်း လေ့လာခွင့်ရအောင်
နိုင်ငံတော်က ထောက်ပံ့ကြေးပေးမှာမလို့
ရီပေါ့်အတွက်တော့ အခွင့်အရေးတစ်ခုပဲ။
ဒီအတွက် အများကြီးမျှော်လင့်ထားတာမလို့
အကောင်းဆုံးကြိုးစားနေတယ်။

" ဝမ်ရီပေါ် အဆောင်ရှေ့ မှာ
မင်းဘဲကြီးရောက်နေတယ် ဟိဟိ "
အခန်းထဲကို ခေါက်ဆွဲပြုတ်ဗူးကိုယ်စီနဲ့
ဝင်လာတဲ့ လီကျင်းတို့ကပြုံးစိစိနဲ့ ပြောတယ်။

ခေါင်းတစ်ဗြင်းဗြင်းကုတ်ရင်း
ထွက်လာတဲ့ ရီပေါ့်ကိုမြင်တော့
ပေါင်ပေါင်က ခုန်တက်တော့တာပဲ။

" ခဏနားပါအုန်း ရီပေါ်ရဲ့ 
ကောမုန့်ဝယ်လာတယ် လာစား "

" တော်ပီ ကော " ပေါင်ပေါင်လေးကို
အောက်ချလိုက်ပြီးရီပေါ်
စိတ်မပါ လက်မပါနဲ့ပြောလိုက်တယ်။
ဟုတ်တယ် သူခေါင်းတွေခြောက်ပြီးမူးနေတာ။

" လာပါဆို " ရှောင်ကျန့်ကရီပေါ့်လက်လေးကို
ဆွဲခေါ်လာပြီး အပင်အောက်လေးမှာ
ထိုင်ခိုင်းတယ်။ ပြီးတော့ ဝယ်လာတဲ့
ပေါင်မုန့်လေးရယ် milk tea လေးရယ်ကို
ချော့ကျွေးနေရတာ။
ရှောင်ကျန့်က အရမ်းဂရုစိုက်တော့ ရီပေါ်က
ဒီရက်ပိုင်းတွေမှာ ဂျစ်ကန်ကန်အဆိုးလေး
ဖြစ်လာတော့တာပဲ။

Don't Touch My CatWhere stories live. Discover now