3 ( Unicode)

3K 306 0
                                    


" ဝမ်ရီပေါ်   ထွက်ခဲ့အုန်း "

ညနေစောင်းကြီး အိမ်ရှေ ့လာအော်နေတဲ့
ရှောင်ကျန့်အသံကြောင့် ရီပေါ်အလန့်တကြား
ပြေးထွက်လာရတော့တာပဲ။

" မင်း ပေါင်ပေါင့်ကို ဘာတွေကျွေးထားတာလဲ
ပေါင်ပေါင် အန်နေတယ် "

ရီပေါ် ခေါင်းကိုချက်ချင်းခါပြလိုက်သည်။

" ဟင့်အင်း ကျွန်တော်ဘာမှမကျွေးပါဘူး
ကျန့်ကော "

ရှောင်ကျန့်က မယုံသင်္ကာနဲ့ကြည့်နေဆဲ။
ဝမ်ရီပေါ်ဆိုတဲ့ကောင်လေး မနက်ဆို
ဘာတွေလဲ မသိ ပေါင်ပေါင့်ကို ခိုးကျွေးနေတာ
သူတစ်ခါတစ်လေ အိမ်ထဲကနေ
လှမ်းမြင်ဖူးတယ်လေ။

" သေချာလား "

ရီပေါ်ခေါင်းကို ဆက်တိုက်ငြိမ့်ပြတော့မှပဲ
ရှောင်ကျန့်က နည်းနည်းစိတ်ပြေသွားတာ။

" ဟို .. ကျန့်ကော "

"  ဘာလဲ "

" ပေါင်ပေါင်က နေမကောင်းဘူးလား "

" နေကောင်းတယ် အန်နေတာ
ငါက မင်းတစ်ခုခု ခိုးကျွေးထားတယ်ထင်လို့
လာမေးတာ "

ရီပေါ်ရေ သေချာလေးစဉ်းစားစမ်း။
ဒီနေ့မိုးလင်းတော့ ပေါင်မုန့်စားတယ်
ကြက်ဥကြော်စားတယ်။
ပြီးတော့ ပေါင်ပေါင့်ကိုနွားနို့လေးပဲတိုက်တာ။
ဟုတ်တယ် .. ကျန်တာမကျွေးပါဘူး။

" ကျွန်တော် မနက်က နွားနို့လေးတော့
နဲနဲလေးတိုက်လိုက်တယ် ကျန့်ကော "
ဝမ်ရီပေါ်က စပ်ဖြီးဖြီးနဲ့ ဖြေတယ်။

ရှောင်ကျန့်ကလဲ ဘာမှဆက်မပြောတော့ဘဲ
အိမ်ဘက်ကို ပြန်လာခဲ့တော့တယ်။
ဒီတိုင်းပဲ အစားမှားတာပဲဖြစ်ပါလိမ့်မယ်။
ရှောင်ကျန့် ပေါင်ပေါင့်ကို အလုပ်သွားရင်
အိမ်မှာထားခဲ့ရတာ စိတ်မချတော့ဘူး။
ကြောင်ထိန်းလေးဘာလေးရှာပြီး
အပ်ရမလား စိတ်ကူးမိပြီး
weiboမှာ ချက်ချင်း post တင်လိုက်သည်။

" ပေါင်ပေါင်ချစ်သူများခဗျာ ...

ကျွန်တော်ရှောင်ကျန့်ဟာ အလုပ်တစ်ဖက်နဲ့မလို့
ပေါင်ပေါင်လေးကို စျေးသက်သက်သာသာနဲ့
နေ့ခင်းဘက် ထိန်းပေးမဲ့လူတစ်ယောက်
အမြန်ဆုံးလိုနေပါတယ်ခဗျာ။
စိတ်ဝင်စားရင် ဆက်သွယ်ကြပါ  "

ဒါက ပေါင်ပေါင်ရဲ့ weibo accountမှာ
တင်လိုက်ခြင်းပင်။ ပေါင်ပေါင်က
weiboမှာ follower 21K ရှိတဲ့ celeဆိုတော့
ချက်ခြင်း commentတွေ မန့်လာကြတာ
အများကြီးပဲ။

" ထိန်းချင်ပါတယ်ဗျို့ "

" ပေါင်ပေါင့်ကိုဆို အလကားထိန်းပေးမယ် "

" ကောကောရေ ညီမထိန်းပေးမယ် "

စသဖြင့် ...
Comment တွေ အကုန် ရှောင်ကျန့်အသေအချာ
လိုက်ပြီးဖတ်နေရင်းprivate messageထဲမှာ
စာဝင်လာလို့ ဝင်ကြည့်လိုက်သည်။

" ကျန့်ကောကျွန်တော်ထိန်းပေးမယ်လေ
ကျန့်ကောကျောင်းတက်တုန်းကလို
ပေါင်ပေါင့်ကို ကျွန်တော်
ကျောင်းကိုခေါ်သွားမယ်
ရတယ်မလား Okတယ်မလားဟင် "

ရှောင်ကျန့်နှာခေါင်းကို လက်ညှိုးလေးနဲ့
အသာပွတ်ရင်း စဉ်းစားကြည့်နေပြီ။
ဒါက ရှောင်ကျန့် တစ်ခုခုကို တွေဝေနေရင်
လုပ်တတ်တဲ့ အမူအကျင့်တစ်ခု။

သေချာစဉ်းစားပြီး စာပြန်လိုက်သည်ကတော့

" ဆောရီးပါ မ Ok ပါဘူးခဗျာ  "

Don't Touch My CatWhere stories live. Discover now