15 (Unicode) Confession

1.9K 211 4
                                    


အတန်းမတက်ရတဲ့ နေ့တွေဆို
ရီပေါ်တို့ သုံးယောက်လုံးက
အဆောင်ဝင်းထဲကနေ မထွက်တော့ဘူး။

သူတို့ အခန်းထဲမှာဆို နေရာမရွေး
အကြမ်းစာရွက်တွေလဲ ဟိုတစ်စ ဒီတစ်စ
အဖြေမရလို့ ဆွဲဖြဲထားတဲ့စာရွက်တွေရော ၊
စိတ်တိုလို့ ကောက်ပေါက်ထားတဲ့
စာအုပ်တွေရော ရှုပ်ပွလို့။

လီကျင်းက ပြောင်ချော်ချော်သာနေတာ
စာနဲ့ပတ်သက်ရင် အရမ်းseriousဖြစ်တယ်။
လီကျင်းနဲ့ ဝမ်ရီပေါ် မှာ မတူတာတစ်ခုက
ရီပေါ်က သချာင်္ကို free style နဲ့အဖြေရှာပြီး
လီကျင်းက method နဲ့ အဖြေရှာတာပဲ။

သူတို့ ၂ယောက်လုံးက တော်တာကတော့
တစ်ကယ် ထိပ်တန်းပဲ။ ဒါပေမဲ့
သူတို့က ယူဆပုံ ယူဆနည်းမှာ ကွာသွားတာ။
ရီပေါ့်အတွေးအခေါ်က လွတ်လပ်တယ်။
သူက ဟိုကွေ့ ဒီကွေ့ နဲ့ ကွက်ကျော်စဉ်းစားရင်း
အဖြေရအောင်ရှာတတ်တဲ့သူဆိုတော့
တကယ့် နည်းစနစ်အမှန်နဲ့ အဖြေထွက်လာတဲ့
လီကျင်းနဲ့ကျ အဖြေချင်းတူပေမဲ့
ကြားထဲက အယူအဆတွေက ကွဲလွဲနေရော။
အဲ့ဒါကြောင့်လဲ သူတို့၂ယောက်က
စာလုပ်ရင်း အားနေသတ်နေကြတာ။

ကျိုးကျင့်ကျပြန်တော့လဲ သူတို့၂ယောက်လုံးနဲ့
မတူပြန်ဘူး။ သူက ခေါင်းပဲသုံးတာ။
ကိန်းဂဏန်းတွေတောင် သူက ချမတွက်ပဲ
ခေါင်းထဲမှာပဲ တွက်နိုင်တယ်။
အဲ့ဒါကြောင့် သူက အဖြေရသည်အထိ
အစအဆုံး ခေါင်းထဲမှာပဲတွေးပြီး
အဖြေရမှ သူက အေးဆေးချတွက်သွားတာ။

ဒါပေမဲ့ ကျိုးကျင့်မှာကြောက်ဖို့ကောင်းတဲ့
အချိန်တစ်ခုရှိတယ်။ သူခေါင်းရှုပ်လာရင်တော့
သူတစ်ကယ် ဘာမှ မတွေးတတ်တော့ဘူး။
သူခေါင်းထဲမှာ ဗလာကြီးဖြစ်သွားတာ။
အဲ့လိုအချိန်မျိုးမှာ ၁၀ နဲ့ ၁၀ ပေါင်းရင်
ဘယ်လောက်ရလဲ မေးရင်တောင်
၁၀၁၀ လို့ ဖြေချင်ဖြေအုန်းမှာရယ်။

" အချစ်တို့ ကုတင်ပေါ်ကဆင်းကြပါအုန်း
ကိုကိုလီကျင်းက စတော်ဘယ်ရီဖျော်ရည်
အေးအေးလေး ဝယ်လာတယ် ... လာ "

လီကျင်းက အအေးခွက်ကြီး၃ခွက်
မနိုင်မနင်းကိုင်လာပြီး သူ့ဘော်ဒါတွေကို
ခေါ်တိုက်ရတယ်။ ဒီကောင်လေးက
စိတ်ရင်းလေးကတော့ ကောင်းရှာတယ်။
အဲ့ဒါကြောင့် အေးခဲနေတဲ့ဆောင်းတွင်းကြီးမှာ
ရေခဲတုံးအပြည့်နဲ့ စတော်ဘယ်ရီဖျော်ရည်
ဝယ်တိုက်တာပေါ့။

Don't Touch My CatWhere stories live. Discover now