9 ( Unicode )

2.1K 232 0
                                    


ဒီဇင်ဘာလရဲ့ မနက်ခင်းက တကယ်ကို
သိသိသာသာ အအေးချိန်မြင့်လာခဲ့ပြီ။
အိပ်ယာထဲမှာ ကျုံ့ကျုံ့လေးအိပ်နေတဲ့
ရီပေါ်လေးက နှိုးစက်သံကိုကြားပေမဲ့
ထမပိတ်နိုင်သေးဘူး။
အိပ်ယာကြီးက သူ့ကို မထနဲ့ဦးလို့
ဆွဲထားသလိုမျိုး သူခံစားနေရတယ်။

ဉာဏ်ကောင်းတဲ့ ရီပေါ်လေးက
သူ့မားကို ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။

" သား ဦးနှောက်တွေက မနက်ကျ
သိပ်အလုပ်မလုပ်ဘူးထင်တယ် မား " တဲ့။

အဲဒါ တကယ်ကို အမှန်ပဲ။
ရီပေါ်က morning personမဟုတ်ဘူး။
သူများတွေ မနက်ခင်းစောစောထရင်
အကြံဉာဏ်ကောင်းတွေရတယ်ဆိုတာ
ရီပေါ့်အတွက် အထူးအဆန်းတစ်ခုလိုပဲ။
မနက်ဆို သူက အိပ်ပြီးရင်းပဲ အိပ်ချင်နေတာ။
ဒါပေမဲ့ မားမှာ ရီပေါ်ပဲရှိတာမလို့
လိမ္မာတဲ့ ရီပေါ်လေးက စောစောထပြီး
ကျောင်းမသွားခင် မားကို
အမြဲကူညီပေးလေ့ရှိတယ်။

စောင်ပုံထဲကနေ ခေါင်းလေးထုတ်ကာ
သူနာရီကို လှမ်းကြည့်လိုက်တော့ ၆:၅၀ ။
စောပါသေးတယ် နောက်ထပ် ၅မိနစ် ...
ဟုတ်တယ် ၅မိနစ်ပဲ ပြီးရင်ထတော့မယ်။

တကယ်လဲ ကတိတည်ပါတယ်။
ရီပေါ်လေးက ရနာရီမထိုးခင်မှာ ထလာပြီး
မားကို မနက်စာ ကူပြင်ပေးတယ်။

" သားရေ ခြံရှေ ့မှာ ရှောင်ကျန့်လေး
ရောက်နေတယ် တံခါးဖွင့်ပေးလိုက်အုန်း "

apron လေး ဝတ်ကာ အမဲသားအိုးမွှေနေတဲ့
ရီပေါ်လေးက ဟင်းအိုးလေးပိတ်လိုက်ပြီး
အပြေးအလွှား သွားရတော့တယ်။

" ကျန့်ကော အစောကြီးပဲ
မနက်စာ လာစားတာလားဟင် "

ရှောင်ကျန့်က လက်ထဲကအထုပ်လေးတွေ
ရီပေါ့်ဆီ ပေးခဲ့ကာ

" မဟုတ်ပါဘူး ရီပေါ်ရဲ့
ကောက ဒီနေ့ အလုပ်စောစောသွားရမှာ
စျေးထဲက ငါးပေါင်မုန့်လေးတွေ့လို့
ရီပေါ့်အတွက် ဝယ်လာတာ
ပူတုန်းလေး စားလိုက်နော်
မနက်ဖြန်အတွက် အထုပ်အပိုးတွေလဲ
ကြိုပြင်ထားလိုက်တော့
ပြီးတော့ ... ဒါလေးလဲ စျေးထဲကတွေ့လို့
ရီပေါ့်အတွက် တစ်ထည် ဝယ်ခဲ့တယ် "
ဆိုပြီး မာဖလာ အဝါနုနုလေးကို
ရှောင်ကျန့်က ထုတ်ပြလိုက်သည်။

အိတ်လေးထဲမှာ မာဖလာက
စုစုပေါင်း သုံးထည်ရှိတယ်။
အဝါရောင် ဆင်တူလေး နှစ်ထည်က
ရီပေါ်နဲ့ ရှောင်ကျန့်အတွက်။
ပန်းရောင် ရင့်ရင့်လေး တစ်ထည်ကတော့
လန်းမြောင်အတွက်ပေါ့။

ရီပေါ် မာဖလာလေးကို သဘောတကျကျနဲ့
ကြည့်နေမိတယ်။ လှလိုက်တာ ။
အသားလေးကလဲ အိအိလေး ...

" ကြိုက်လား "

ရီပေါ်က ကောမျက်နှာလေးကို ကြည့်ရင်း
ခေါင်းလေးငြိမ့်ကာ ပြုံးပြုံးလေး ဖြေလိုက်တယ်။

" အင်း ကျွန်တော်ကြိုက်တယ် ကျန့်ကော "

company uniform လေးနဲ့ ကျန့်ကောက
အပြုံးလှလှလေးနဲ့ တကယ်ကိုခန့်နေရော။
အစည်းအဝေးတစ်ခုခုရှိတာကြောင့်ဖြစ်မယ်
မဟုတ်ရင် ကောက uniformသိပ်မဝတ်ဘူး။
အယ် ... ရီပေါ်အကြံတစ်ခုရသွားတယ်။

" ကော ငါးမိနစ်လောက် အချိန်ရလားဟင် "

" အင်း "

" အဲ့ဒါဆို ခဏလေး ...
ခဏလေးစောင့်နော် ကော "
အိမ်ထဲကို ကောက်ခါငင်ခါပြေးသွားတဲ့
ရီပေါ်လေးကြောင့် ခြံရှေ ့မှာ  ရှောင်ကျန့်
ကြောင်တောင်တောင်လေး ရပ်နေမိတယ်။
apron လေးနဲ့ ပြေးလွှားနေတဲ့
ရီပေါ်ကလေ တကယ်ချစ်စရာလေး။
ရှောင်ကျန့် ဘာကြောင့်မှန်းမသိပေမဲ့
ဒီကောင်လေးကို ပိုပိုပြီး ခင်တွယ်လာတာ
သူ့ဘာသာ သတိထားမိလာတယ်။

" ကော ဒါလေးယူသွားနော် "
ရီပေါ် သူ့ထမင်းချိုင့်လေးကို
ရှောင်ကျန့်လက်ထဲထည့်ပေးလိုက်တယ်။

" အာ ... မလိုပါဘူး ရီပေါ်ရဲ့ "

" ယူသွားပါ ကောကြိုက်မှာသေချာတယ်
နောက်ကျနေလိမ့်မယ် သွားတော့နော် "
ဆိုပြီး ရီပေါ်က ရှောင်ကျန့်ကိုယ်လေးကို
လှည့်ကာ နောက်ကနေလဲ တွန်းလိုက်သေးတယ်။

" အင်းပါ အင်းပါ ကျေးဇူးပဲ ရီပေါ်လေး
ကော သွားပြီ "

ရှောင်ကျန့် လှည့်မကြည့်တော့တာတောင်
ရီပေါ်က တာ့တာတွေ လိုက်ပြနေသေးတယ်။
ရှောင်ကျန့်အဝေးကြီးရောက်သွားမှ
ရီပေါ်က တိုးတိုးလေးပြောလိုက်တယ်

" ကျန့်ကောရေ စောစောပြန်လာခဲ့နော် " တဲ့

Don't Touch My CatWhere stories live. Discover now