16 ( Unicode )

2.1K 188 4
                                    


ဝမ်ရီပေါ် စိတ်လှုပ်ရှားလွန်းလို့
ထိုင်လိုက် ထလိုက်နဲ့ အငြိမ်ကိုမနေနိုင်ဘူး။
ရှောင်ကျန့်နဲ့ ရီပေါ့်မားကတော့
ဧည့်ခန်းထဲမှာ ဝက်လုံးခေါက်ဆွဲတစ်ပွဲစီ
အဝကြိတ်နေကြတာ။

" ဝမ်ရီပေါ် မနက်စာလာစားစမ်းပါ
၈နာရီထိုးဖို့ လိုပါသေးတယ် သားရယ် "

ဒီနေ့က နိုင်ငံတော်အဆင့်အတွက်
result ထွက်မှာမလို့ ရီပေါ့်မှာစိတ်လှုပ်ရှားပြီး
မနက်စာတောင်မစားနိုင်ဘူး။
ခါတိုင်းဆို သူဒီလောက်ရင်မခုန်ပေမဲ့
ဒီတစ်ခေါက်မှ ဘာရယ်ကြောင့်မှန်းမသိ
သူ့မှာ ရင်တွေပါတုန်လို့။

" ရှောင်ကျန့် ရယ် သွားခေါ်စမ်းပါ
မား မျက်စိတွေနောက်လွန်းလို့ " ဆိုပြီး
ရီပေါ့်ရဲ့မားက ပြောတယ်။
မားက သူတို့ ၂ယောက်တွဲနေတာကို
ရိပ်မိမယ်လို့ ရှောင်ကျန့်ထင်တယ်။
ခုထိ ကန့်ကွက်ပုံမရှိသေးရင်တော့
ဒါဟာ သဘောတူလို့ပဲဖြစ်ရမယ်ဆိုပြီး
ရှောင်ကျန့်က သူ့ဘာသာယူဆထားတော့တာပဲ။

" ရီပေါ်လေး လာ ခေါက်ဆွဲတွေပွကုန်မယ်
အကောင်းဆုံးဖြေခဲ့တာပဲ
ဘာတွေစိတ်ပူနေတာလဲ ကလေးရဲ့"
ရီပေါ့်ဆံပင်လေးတွေကို
ခပ်ပွပွလေးဖြစ်သွားအောင် ဆွဲဖွနေတယ်။
ပြောသေးတယ် သူ့ကောင်လေးက
ပေစုတ်စုတ်လေးနဲ့တောင် ချောနေတုန်းပဲတဲ့။

ဝက်လုံးလေးတွေပဲ ဆယ်ပြီးစားနေတဲ့
ငဂျစ်လေးကြောင့် ရှောင်ကျန့်က
ရီပေါ့် ပန်းကန်ထဲက ခေါက်ဆွဲတွေသူ့ထဲယူပြီး
သူ့ပန်းကန်ကထဲက ဝက်လုံးလေးတွေကို
သူ့အချစ်ကလေးရဲ့ ပန်းကန်ထဲကိုထည့်ပေးတယ်။
မားကတော့ ဘာမှမပြောပေမဲ့ ခပ်ပြုံးပြုံးပေါ့ ...

ဖုန်းသံကြားတာနဲ့ စားနေရင်း
အလန့်တကြားထပြေးတဲ့ ရီပေါ့်ကြောင့်
သူတို့ပါ အလကားနေရင်းရင်တုန်တယ်။

" ဗျာ .... ဟုတ် ဟုတ်ကဲ့ပါဆရာကြီး "

အခြေအနေဘယ်လိုလဲဆိုတဲ့
အကြည့်နဲ့ မားက သူ့ကိုလှမ်းမေးတော့
ပြီတီတီမျက်နှာနဲ့ လက်တစ်ချောင်းကို
ထောင်ပြတယ်။

" တစ် ... နိုင်ငံတော်အဆင့် နံပါတ်တစ် " ပါတဲ့။
ဝမ်ရီပေါ်ဟာ အဲ့လောက်ထိကိုတော်ပါတယ်။
ဆုချတဲ့အနေနဲ့ အာဘွား၃ခါပေးရမယ်။

Don't Touch My CatWhere stories live. Discover now