12 ( Unicode )

2.1K 226 0
                                    



ဆောင်းရာသီရဲ့ ညနေခင်းက
တစ်ယောက်ယောက်ကိုလွမ်းချင်စရာကြီး။
တဖြည်းဖြည်း အနောက်အရပ်ဆီဝင်သွားတဲ့
နေမင်းကြီးကိုကြည့်ရင်း ရီပေါ်က
ခုံတန်းလေးပေါ်မှာ ပျင်းရိရိလေးထိုင်ကာ
သူ့ကျန့်ကောကို စောင့်နေတယ်။

ကျန့်ကောကလည်း ကြာလိုက်တာ။
ရီပေါ်က စိတ်မရှည်တော့ဘူး။
အထုတ်အပိုးတွေလဲ ပြင်ပြီးလို့
ညနေစာတောင်စားထားပြီ။
နာရီကိုကြည့်တော့ ၅:၁၉ တဲ့
ခုထိ ပြန်မလာသေးဘူး ကြည့်ပါအုန်း။

" ရီပေါ်ရေ "
အသက်ရှည်အုန်းမယ် ပြောနေရင်း။
ပုံမှန်ရက်တွေဆို လေးနာရီခွဲရင်
ရှောင်ကျန့်က အိမ်ပြန်ရောက်ပြီ။
ဒီနေ့ ဘာလို့နောက်ကျနေလဲ မသိပေမဲ့
စိတ်ဆိုးပြစ်လိုက်ဦးမည်။

" အပြင်ဘာလို့ထွက်ထိုင်နေတာလဲ
ရီပေါ်ရဲ့ အော ... ကောကိုစောင့်နေတာပေါ့လေ
ဟုတ်လား "

ဝမ်ရီပေါ်က ပေကပ်ကပ်နဲ့မကြားချင်ယောင်
ဆောင်နေလိုက်တော့ ရှောင်ကျန့်က
ရီပေါ့်ဘေး ဝင်ထိုင်လိုက်တယ်။

ရှောင်ကျန့်က တုံးချင်တဲ့နေရာမှာဆို တုံးပြီး
လည်ချင်နဲ့နေရာဆို သိပ်လည်တာ။
တစ်ခါတစ်လေ သူ့ခေါင်းထဲက
ထွက် ထွက်လာတဲ့ ဉာဏ်နီဉာဏ်နက်တွေက တကယ်ကြောက်စရာကောင်းတယ်။

" ကော နဲ့ လန်းမြောင် လမ်းခွဲလိုက်ပီ "

" ဟင် "

ရီပေါ် တစ်အံ့တစ်သြလေးဖြစ်သွားတယ်။

" အာ့ကြောင့် ကော ဝမ်းနည်းနေလို့
ကောကို ဖက်ထားပါ့လားဟင် "

" .... "

" နော် ဖက်ထားပေးအုန်း "

ဆိုပြီး ရှောင်ကျန့်က ရီပေါ့်ကို
သိမ်းကြုံးဖက်လိုက်တော့
ရီပေါ်က ကျန့်ကော ကျောလေးကို
သာသာလေးပုတ်ပေးလိုက်တယ်။

ခဏကြာကြာလေး အဖက်ခံပြီးတော့မှ
ဝမ်ရီပေါ်က ရုန်းလိုက်တယ်။
အဆက်မပြတ်ခုန်နေတဲ့ ရင်ဘက်ထဲက
အကောင်ငယ်လေးကို ရီပေါ်ဖိထားပြီး
ရှောင်ကျန့်ကိုကြည့်လိုက်တယ်။
ကောက ချောလိုက်တာ
မှောင်ရိပ်သန်းနေတဲ့ ညနေခင်းမှာတောင်
ကောက ကောင်းကောင်းကြီး ချောနေတုန်းပဲ။

Don't Touch My CatWhere stories live. Discover now