8 (Zawgyi )

1.4K 101 6
                                    


" လန်းမြောင် ပေကျင်းသွားမှာဆို
လက်မှတ်တွေဘာတွေဝယ်ပြီးပြီလား "

" ဟုတ် မား onlineက bookingလုပ်ထားပြီးသား
ဘိုးဘိုးဆီလဲ လန်းမြောင်တို့လာမယ့်အကြောင်း
ပြောထားတယ် အကုန် ready ပဲ "

လန်းမြောင်က ညီအမ၃ယောက်ထဲမှာအငယ်ဆုံး။
အကြီး၂ယောက်က အိမ်ထောင်ကျသွားပြီ။
အသက်ကြီးလာပေမဲ့ အငယ်ဆုံးဆိုတော့
လန်းမြောင်က အိမ်မှာ ကလေးလိုပဲနေတယ်။
ရှောင်ကျန့်နဲ့သူနဲ့က ရည်းစားဆိုပေမဲ့လဲ
သူတို့ဆက်ဆံရေးက တကယ်တမ်းမှာ
လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် သူငယ်ချင်း
ဆက်ဆံရေးထက်လဲ ပိုတာမဟုတ်ဘူးလေ။

ပြီးတော့ လန်းမြောင်က Fujoshiဆိုတာ
သူ့မားကသိတယ်။ အဲ့တော့ ရှောင်ကျန့်နဲ့
တွဲနေတာကိုလဲ သူ့သမီးက စာရေးဖို့
ကုန်ကြမ်းရှာတယ်လို့ပဲ သတ်မှတ်ထားတာ။
လန်းမြောင်က online မှာ novelတွေရေးပြီး
လူငယ်တွေကြားမှာတော့ နာမည်ကြီးပဲလေ။

လန်းမြောင် အခုတစ်လောထင်နေတာကတော့
ရှောင်ကျန့်က ရီပေါ်ဆိုတဲ့ကောင်လေးကို
သဘောကျနေတယ်ဆိုတာပဲ။
ဘာလို့ဆို ရှောင်ကျန့်က သူ့ဘာသူသာမသိတာ
ဝမ်ရီပေါ်ကိုဆို သူက ဂရုတအားစိုက်တာ။

ရှောင်ကျန့်စိတ်ကို လန်းမြောင်
ကောင်းကောင်းနားလည်တယ်။
ငယ်ငယ်ကတည်းက အချစ်မခံခဲ့ရတဲ့
ရှောင်ကျန့်လေးက အချစ်ဆိုတာကို
တကယ်တမ်းကျ သူရေရေရာရာနားမလည်ဘူး။
ထားခဲ့ဖူးတဲ့ရည်းစားတွေကိုတောင်
ပေါင်ပေါင့်လောက်ချစ်ခဲ့ရဲ့လားမသိ။

လန်းမြောင်က ရှောင်ကျန့်ကိုရီပေါ်နဲ့ဆိုရင်
သဘောအကြီးကြီးတူပါတယ်။
ဘာကြောင့်ဆို ရီပေါ်ကချစ်ဖို့ကောင်းတယ်။
လိမ္မာတယ် စာလဲတော်တဲ့ကောင်လေးလေ။

ဒီပိတ်ရက်မှာ ရှောင်ကျန့်နားမလည်ခဲ့တဲ့
အချစ်ဆိုတာကို
လန်းမြောင်ရှာဖွေပြလိုက်ဦးမယ်။

လန်းမြောင်အတွက်တော့
အချစ်ဆိုတာ ဘာလဲ မေးလာခဲ့မယ်ဆို
သူ ထပ်ခါထပ်ခါ ဖြေမိမဲ့အဖြေက

" အချစ်ဆိုတာ Hot pot Buffetဆိုင်က
ဝက်သားသုံးထပ်သားကင် နဲ့
ဘီယာအေးအေးလေးပါပဲ "

Don't Touch My CatWhere stories live. Discover now