11 ( Zawgyi )

1.2K 88 2
                                    


" ရှောင်ကျန့် ငါတို့ လမ်းခွဲရအောင် "

" ဟင် "
လန်းမြောင်ကို လက်ဆောင်ပေးဖို့
အထုတ်လေးကိုင်ထားတဲ့ ရှောင်ကျန့်က
ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။

ဘာရယ်မှတော့ မခံစားရပေမဲ့
ရင်ထဲတစ်မျိုးကြီးပဲ။

" လန်းမြောင် ... "

" ငါအားတော့နာပါတယ်
ဒါပေမဲ့ နင်နဲ့ငါ သူငယ်ချင်းတော့
ဖြစ်လို့ရသေးတယ်မလား "

ရှောင်ကျန့် ခေါင်းလေးငြိမ့်ပြလိုက်တယ်။

" ရပါပေါ့ လန်းမြောင်က
ငါ့သူငယ်ချင်းကောင်းပဲကို
အော် ... မေ့တော့မလို့
ဒါလေး လန်းမြောင်အတွက်ဝယ်လာတာ "

မာဖလာ ပန်းရောင်လေးကို
လန်းမြောင်ကိုပေးလိုက်တယ်။
အမ်း ဘယ်လိုပြောရမလဲ အခုလိုဆိုတော့
လမ်းခွဲခြင်း အထိမ်းအမှတ်လက်ဆောင်ပေါ့။

" ဟို ... လန်းမြောင်က ဘာလို့ ငါ့ကို
လမ်းခွဲတာလဲ "
ရှောင်ကျန့်က သိချင်စိတ်ပြင်းပြင်းနဲ့
မေးလိုက်တယ်။ တစ်လျှောက်လုံး
သူဘက်ကပဲ စဖြတ်ခဲ့တာလေ ...

" ငါ တစ်ကယ်ချစ်တဲ့သူကိုတွေ့ပီ ရှောင်ကျန့် "

" အယ် ...  ငါ့ကိုကျ တစ်ကယ်မချစ်ဘူးလား
လန်းမြောင်က "

" နင်ကရော ငါ့ကို တစ်ကယ်ချစ်လို့လား "

ရှောင်ကျန့် မအီမသာနဲ့ ပြုံးလိုက်ရတယ်။
လူလည်မလေးက သူ့ကိုတောင်
ပြန်ကျပ်သွားလိုက်သေးသည်။
တကယ်လဲ ရှောင်ကျန့်က ဘာမှမခံစားရသလို
ရုပ်ရှင်ထဲကလို ရည်းစားနဲ့လမ်းခွဲရင်
အသည်းကွဲတာမျိုးလဲ ရှောင်ကျန့်ဖြစ်မနေဘူး။

လန်းမြောင်က ရှောင်ကျန့်ပေးတဲ့
မာဖလာလေးကိုပတ်ကြည့်လိုက်ရင်း

" လှလား "

" မဆိုးပါဘူး "

လန်းမြောင်က ရှောင်ကျန့်ကို
မျက်စောင်းထိုးပြီး တံတောင်ဆစ်နဲ့
တွတ်ပလိုက်တယ်။ တော်သေးတယ်
သူတို့ ဆက်ဆံရေးက အရင်အတိုင်း
နွေးနွေးထွေးထွေးလေးရှိနေတုန်းပဲ။

ထမင်းစားချိန်ရောက်တော့
ရှောင်ကျန့်နဲ့ ကျိုးချန်က တူတူစားကြတယ်။
ရစ်သီရစ်သီလုပ်နေတဲ့ လန်းမြောင်ကိုမြင်တော့
ရှောင်ကျန့်က တူတူလာထိုင်ဖို့ခေါ်လိုက်တယ်။

Don't Touch My CatWhere stories live. Discover now