17 final ( Unicode )

3.3K 222 6
                                    



" ဝမ်ရီပေါ် မြန်မြန်လာဟ
မင်းအလှည့်ရောက်တော့မှာ "

" ခဏ ... ခဏလေးပါ လီကျင်းရယ်
ကောရောက်တော့မှာ "

ဒီနေ့က တက္ကသိုလ်ကျောင်းသားတွေအတွက်
အပျော်ရဆုံးနေ့ တစ်နေ့ပေါ့။
၆နှစ်တာ ကာလပတ်လုံး ပညာသင်ယူပြီးတော့
သက်ဆိုင်ရာ ဘွဲ့ယူပြီး ကျန်ဘဝတစ်လျှောက်လုံး
မိမိဘာသာ ဖြတ်သန်းရပါတော့မည်။

ဘွဲ့ဝတ်စုံလေးနဲ့ ဝမ်ရီပေါ်ကချစ်စရာလေး။
မားကလဲ သူ့သားလေးကိုကြည့်ရင်း
ဂုဏ်ယူ၍ပင်မဆုံး။ ဒီနှစ်တွေအတွင်းမှာ
ရီပေါ် ၊ လီကျင်း နဲ့ ကျိုးကျင့် တို့က
အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာကြတယ်။

၆နှစ်ဆိုတဲ့ကာလတာအတွင်းမှာ
အရာအားလုံးတဖြည်းဖြည်း
ပြောင်းလဲသွားပေမဲ့ အချစ်တွေကတော့
အရင်လို နွေးထွေးဆဲပါပဲ။
လန်းမြောင်ကျဲကျဲ က ကျိုးချန်နဲ့ လက်ထပ်ပြီး
ကလေးသေးသေးလေးတောင်ရနေပြီ။
ပိတ်ရက်တွေမှာ လန်းမြောင်ကျဲကျဲတို့က
မိသားစုလိုက်အလည်လာတတ်တယ်။
ဝမ်ရီပေါ်က ဘွဲ့ရပြီးရင် England မှာပဲ
PHD ဆက်တက်ဖို့ဆုံးဖြတ်လိုက်တယ်။
PHDက နောက်ထပ် ၅နှစ်လောက်
ထပ်တက်ရမှာ။
ကောကလဲ သူနဲ့လိုက်ဖို့ အကုန်
စီစဉ်ထားပြီးသား။

ရှောင်ကျန့်က လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက
Companyကထွက်ပြီး ကိုယ်ပိုင်designဆွဲတယ်။
အခုဆိုနေရာကောင်းတစ်နေရာကို ရနေပြီ။
ကိုယ်ပိုင်လုပ်ငန်းမလို့ ရှောင်ကျန့်က
ရီပေါ်လေးသွားတဲ့နောက်ကို လိုက်နိုင်ပြီလေ။
ရှောင်ကျန့်အဖေက နောက်ဆုံးတော့
သူနဲ့အတူတူ ပြန်လာနေဖြစ်သွားတယ်။
အရင်ကတည်းက မချစ်ပေမဲ့ သူအဖေ့ကိုတော့
မမုန်းတာမလို့ ပြန်လာနေမယ်ဆိုတော့လည်း
ခွင့်ပြုခဲ့သည်။ ဦးလေးလဲ အဖော်ရသည်လေ ...

အရာရာက အချိန်တစ်ခုရောက်တဲ့အခါမှာ
သူ့နည်းနဲ့သူ အဆင်ပြေသွားတာပဲ။
စိတ်ညစ်တဲ့အချိန်တွေဆို ငိုပြစ်လိုက်တယ်။
ပျော်ရမယ့်အချိန်တွေဆိုလဲ အဝပျော်လိုက်တယ်။
ဘဝတွေက ပန်းခင်းလမ်းရယ် မဟုတ်ပေမဲ့
အေးချမ်းခဲ့ပါတယ်။

" ရီပေါ်လေး ... "

" ကော "

suit အပြည့်နဲ့ရှိုးထုတ်လာတဲ့ ရှောင်ကျန့်က
ပန်းစည်းအကြီးကြီးကိုတစ်ဖက်
ပေါင်ပေါင်လေးကိုတစ်ဖက် ပိုက်ရင်း
ခန့်ခန့်ညားညားနဲ့ လျှောက်လှမ်းလာတယ်။
ဒီအမျိုးသားကို ရီပေါ့်မှာ ကြည့်လို့မဝဘူး ။

Don't Touch My CatWhere stories live. Discover now