⚠️ Part 19 ⚠️

10.5K 838 199
                                    

Unicode

"Our Badbaby Boos"

Part 18 ∆

"Daddy ရေ..."

ကျောင်းကပြန်လာပြီဆိုတာနဲ့ Daddyရေဆိုပြီး ရုံးခန်းထဲ၀င်လာတက်တဲ့ ကလေးလေး။ ခုဆိုကျွန်တော်နဲ့ Jimin လဲ လက်ထပ်ပြီးပြီ။ babyကတော့ ကျောင်းမပြီးသေးတာမို့ ကျောင်းတက်တုန်း...။

လက်ထပ်ပြီးတာတောင် ကလေးစိတ်မကုန်သေးတဲ့ ကလေးငယ်ဟာ အရင်ကထက် ချစ်စရာကောင်းသည်။ တနေ့တခြား ပိုပိုပြီးဆိုးလာသလို  ကျွန်တော်အပေါ်လဲ ပိုပြီးချစ်လာသည်...။

"Daddy ကလေးလေးပြန်လာပြီလား"

"ဟုတ် ရွှတ်~~ လွမ်းနေတာ ဟိဟိ"

"ဟုတ်ပါပြီဗျား Daddyအလုပ်တွေပြီးရင် အိမ်ပြန်ကြမယ်နော်"

"ဟွန်းး ဒီနေ့ရေခဲမုန့်လိုက်ကျွေးမယ်ပြောထားတယ်လေ"

"သိပါတယ် Babyရဲ့ ဟိုမှာထိုင်နေနော် စာရင်းလေးပြီးအောင်လုပ်ချင်လို့"

"ရဖူး Daddy ပေါ်မှာပဲထိုင်မယ်"

ချက်ချင်းဆိုသလို ကိုယ်ပေါ်တက်ခွကာ တက်ထိုင်နေတဲ့ အဆိုးလေးကို Yoongi ဘာပြန်ပြောရမလဲတောင်မသိ။ ပြန်ပြောရင်လဲ တပတ်လောက် စိတ်ကောက်ပြိီး လူကိုပြစ်ထားအုံးမှာ...။

Yoongi လဲ Jimin ကိုပေါင်ပေါ်တင်ထားပြီး လုပ်စရာရှိတဲ့ မလုပ်ကိုဆက်လုပ်နေရဲ့။ Jimin ကတော့ Yoongi ပေါင်ပေါ်မှာထိုင်ပြီး ပါးကိုနမ်းလိုက်၊ နားရွက်ကိုနမ်းလိုက်၊ လည်ပင်းကိုနမ်းလိုက်နှင့် စနေရဲ့...။

"Babyကွာ ငြိမ်ငြိမ်နေ ကိုယ်ဒီမှာ အလုပ်လုပ်ရတာ အဆင်မပြေဘူး"

"ရွှတ်~~ ၀ါးးးမွှေးနေတာပဲ"

"Baby!"

"ပြွတ်စ်...အာရီဂူးးး ဒယ့်နှုတ်ခမ်းလေးက သေးသေးလေး ခ်ခ်"

"Baby တော်တော့ကွာ ကိုယ်စိတ်မထိန်းနိုင်ရင် Babyပဲ ပင်ပန်းမှာနော်"

"ဟီးး Daddyကလဲ"

ဒီကလေးဟာလေ လူကိုပြုစားပြီးရင်း ပြုစားနေတာပဲ။ အစကဆူမလို့။ အခုတော့ ဆူဖို့နေနေသာ
အသဲယားလွန်းလို့ ငုံထားလိုက်ချင်တယ်...။

"Daddyတော်ပြီကွာ ရေခဲမုန့်စားချင်နေပြီ ဟွန့်"

"ဟုတ်ပါပြီ ဒါဆိုလဲ သွားကြတာပေါ့"

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Where stories live. Discover now