Part 14 ∆

9.4K 853 168
                                    

Unicode

"Our Badbaby Boos"

Part 14 ∆

Taehyung လဲဘာမှထပ်မမေးနေတော့ပဲ Jungkook လက်ကိုဆွဲကာ ခေါ်သွားတော့သည်။ Jungkook လဲ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာတခွန်းမှမဟရဲပဲ Taehyung ခေါ်ရာနောက်ကိုသာ ငြိမ်ငြိမ်လေး လိုက်သွားရတော့သည်...။

"မင်းအ၀တ်စားတွေထည့်"

မင်းတဲ့လား Daddy...။
Jungkook ၀မ်းနည်းသွားသည်။
Taehyung သူ့ကိုဘယ်လောက် စိတ်ဆိုးနေပါစေ မင်းနဲ့ငါလို့ ဘယ်တုန်းကမှ မသုံးပါ။ အခု Daddy က သူ့ကိုစိတ်ပျက်သွားတာလား...။

"ဘာရပ်လုပ်နေတဲ့ မင်းပစ္စည်းတွေသိမ်း ပြန်မယ်"

"Daddy..."

"Jungkook ဘာမှအထွန့်မတက်နဲ့"

Jungkookလဲ ဘာမှပြောမနေတော့ပဲ သိမ်းစရာရှိတာသိမ်းလိုက်သည်။ အခုချိန်မှာ Taehyung အရမ်းစိတ်တိုနေတာမို့ ဘာစကားမှပြန်မပြောတာ အကောင်းဆုံးမဟုတ်လား...။

"ပြီးပြီလား"

"ဟုတ်..."

"ပြန်မယ်"

Taehyung အရှေ့ကထွက်သွားတော့ Jungkookလဲ အနောက်ကနေ အထုတ်လေးဆွဲကာ လိုက်တော့သည်။ ကားအနားရောက်တော့ ကားတံခါးဖွင့်ပြီး အထုတ်တွေတင်ကာ အပြန်ခရီးဆက်လေသည်...။

Jungkook မပြန်ချင်သေးပေမယ့်လဲ ဘာတခွန်းမှ အထွန့်မတက်ရဲတာကြောင့် ငြိမ်နေလိုက်သည်...။

"မင်းသိပ်ဆိုးတယ် Baby"

Taehyung ဆီကထွက်လာတဲ့ စကားကြောင့် Jungkook ပို၀မ်းနည်းမိသည်။ Taehyung အတန်တန်မှာနေတဲ့ကြားက သူလုပ်ချင်ရာလုပ်မိသည်မဟုတ်လား...။

Daddy ကိုလှမ်းကြည့်တော့ အရှေ့ကိုသာ တည့်တည့်ကြည့်ပြီး ခပ်မြန်မြန်မောင်းနေပုံထောက် Daddy တတော်လေးစိတ်တိုနေတာပဲ...။

"မင်းက ကိုယ့်စကားကိုနားမထောင်ဘူး မင်းလုပ်ချင်ရာမင်းလုပ်တယ် ကိုယ်သာမလိုက်လာရင် မင်းဘာတွေထပ်ပြီးမွှေထားအုံးမလဲ မတွေးရဲဘူး"

"Daddy...အဟင့်...တောင်းပန်ပါတယ်"

Jungkook ခေါင်းလေး ငုံ့ပြီးတိတ်တိတ်လေးငိုနေမိသည်။ သူတကယ်ပဲ Daddyကို စိတ်ပျက်အောင် လုပ်မိတာပဲ။ Daddy များသူ့ကို စိတ်ပျက်သွားမလား တွေးမိတိုင်း သေလောက်အောင် ကြောက်သည်...။

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Where stories live. Discover now