Unicode
"Our Badbabby Boos"
Part 1 ∆
မီးရောင်တွေ တလတ်လတ်တောက်ပနေပြီး အနီရောင် ကောဇော်အခင်းအရှေ့ပေါ် ထိုးရပ်လိုက်သည့် ခဲရောင်ကားတစီး။ ကားထဲကနေထွက်လာသူကတော့ စီးပွားရေးနယ်ပယ်မှာ မသိတဲ့သူခပ်ရှားရှားဆိုသလို။ လူငယ်တွေကြားမှာလဲ ရေဗန်းစားသည်။ အသက်ငယ်ငယ်နဲ့ အောင်မြင်ကျော်ကြားသည့် August D Company ရဲ့ CEO_Min Yoongi....။
Suit အနက်ရောင်နဲ့ ထိုလူသားနဲ့ဟာ အလွန်ပင် ခန့်ညားလွန်းလှသည်။ ရွှေဖြူရောင် ဆံနွယ်တွေရှိပြီး တည်ငြိမ်ပြတ်သားလွန်းသည့် မျက်နှာထားကြောင့် မည်သူမျှ မောမကြည့်ရဲ့လောက်အောင်ပင် စွဲဆောင်လွန်းလှသည်။ အသက်၂၈နှစ်ရှိပြီဖြစ်သည့် Min Yoongi ဆိုသည်မှာ ဆယ်ကျော်သက်တွေထက် ရေဗန်းစားသည်။
ကားပေါ်ကဆင်းလာသည့်နှင့် တပြိုင်းတည်း တဖျက်ဖျက်ရိုက်လာသည့် Camera Manတွေ....။ တခွန်းစနှစ်ခွန်းစ မေးနေသည့် Mediaတွေ....။ သို့သော် Min Yoongi ဆိုသူကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်သည့်ပုံမပေါ်ပေ။ ဘောင်းဘီအိတ်ကတ်ထဲ လက်ထည့်ကာ တင်းမာလွန်းသည့် မျက်နှာထားနှင့် Hotel ထဲကို ၀င်သွားလေရဲ့။
"အပြန်အဲ့လူတွေကို မမြင်ချင်ဘူး"
မန်နေဂျာလုပ်သူကို အမိန့်ဆန်ဆန်စကားဆိုပြီး အခန်းထဲ၀င်သွားလေရဲ့။
"ဟုတ်ကဲ့ပါ Boss"
Meeting အခန်းထဲ၀င်သွားသည့် Boss ကိုကြည့်ပြီး ခပ်တိုးတိုးသက်ပြင်းချမိသည်။ Boss ကြားလို့တော့မဖြစ်။ အခုလဲ အပြင်က Media သမားတွေကို မောင်းထုတ်ရမှာ ကျွန်တော်တာ၀န်ဖြစ်သည်။ ဒါကအထူးအဆန်းတော့မဟုတ်ပေ။ Boss ကအေးဆေးသမားဖြစ်တာကြောင့် လူများတဲ့နေရာတွေ အမေးအမြန်း ထူတဲ့လူတွေဆို မုန်းသည်။ အထူးသဖြင့် ထို Media သမားတွေပေါ့။
VOCÊ ESTÁ LENDO
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎