Unicode
"Our Badbaby Boos"
Part 9 ∆
မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနှင့် တွေးမိတာက ညတုန်းကအကြောင်းပင်။ ဘေးကိုကြည့်လိုက်တော့ Daddyက အိပ်ပျော်နေတုန်းပင်။ အိပ်ပျော်နေတာတောင် အလွန်ကြည့်ကောင်းနေတဲ့ Daddy ကို နည်းနည်းတော့ မနာလိုဖြစ်မိသည်....။
Jungkook တယောက် Taehyung ရဲ့ မျက်နှာအစိတ်ပိုင်းကို တစိမ့်စိမ့် ကြည့်နေရဲ့။ ကော့စင်းနေသည့် မျက်တောင်လေးတွေရယ်။ နှာတံဆင်းဆင်းလေးရယ်။ ဆေးအကူမလိုပဲ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းပါးယေးယေးလေးရယ်။
မျက်နှာပြင်တခုလုံး အသာလေးကိုင်ပြီး တယောက်ထဲ ကြိတ်ပြုံးနေမိသည်။ Daddy ဆိုသည်မှာ ကျွန်တော်အတွက် ကြည့်အကောင်းဆုံး လူသားပင်...။
"Daddy က ချစ်စရာကြီး ဟိဟိ"
တယောက်ထဲရေရွတ်ပြီး Taehyungရဲ့ ပါးပြင်ကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
ရုတ်တရက်ဆိုသလို မျက်လုံးပွင့်လာတဲ့ Taehgung ကြောင့် Jungkook မျက်လုံးပင်ပြူးသွားသည်။ ရှက်ရမ်းရမ်းကာ ဆောင်ကို ခေါင်းပေါ်ထိ ခြုံချလိုက်သည်။ ကြားလိုက်ပါသေးတယ် Daddy ရဲ့ခပ်တိုးတိုးရယ်သံလေး...။
"Baby...ဘာလို့ဆောင်ကြီးခြုံထားတာလဲ"
ပြောလဲပြော ဆောင်ကိုအသာလေး ဖယ်လိုက်တော့ ရှုံ့မဲ့နေတဲ့ မျက်နှာလေးနှင့် တန်းတိုးတော့သည်။ ကြည့်ပါအုံး ကျွန်တော် ယုန်ပေါက်လေးဟာလေ အရှက်လဲသဲပ...။
"Baby ကရှက်နေတာလား"
"နိုးနေတာဘာလို့မထလဲ"
"Babyဘာလုပ်မလဲ သိချင်လို့"
"ဟွန့်..."
နှာခေါင်းလေးရှုံ့သွားတဲ့ ယုန်ပေါက်လေးကို အသာလေးနမ်းလိုက်တော့ ချက်ချင်းပြုံးယောင် သန်းသွားတဲ့ နှုတ်ခမ်းသေးသေးလေး...။
ESTÁS LEYENDO
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎