Part 4 ∆

10.3K 1.1K 293
                                    

Unicode

"Our Badbaby Boos"

Part 4 ∆

Monday Vibes ~~ 🌄

ဒီနေ့က တနင်္လာနေ့ဆိုတော့ Jimin တယောက် တက်ကြွတဲ့ ကြက်ပေါက်လေး ဖြစ်နေတော့သည်။ အကြောင်းကတော့ ခဏနေ Yoongi လာခေါ်မည်ဖြစ်တာကြောင့် ဖြစ်သည်။ Kookie ကတော့ သူငယ်ချင်း တယောက်လုံး ထားသွားရမှာကို နည်းနည်းလေးတောင် ဟန်ဆောင်ပြီး စိတ်ညစ်မပြတဲ့အပြင် ရွပိုးထိုးနေတဲ့ တကောင့်သားကို မနိုင်လို့ လွှတ်ထားရသည်။

"ပုလုံးကောင်ရာ ငြိမ်ငြိမ်နေစမ်း"

"မင်းနော် ဘာကိုပုလုံးလဲ"

ကြက်ပေါက်တို့ရဲ့ မျက်စောင်းက ဒိုင်းခနဲ ရောက်လာလေရော။ သူ့ကို ပုတယ်ပြောရင်လဲ မကြိုင်ချင်ဘူး။ ပြီးရင်ပြန်ပြောသေးတယ်။ "ငါက ယောကျာ်းလေးတယောက် ရှိသင့်တဲ့ အရပ်အမောင်းတော့ရှိတယ်ကွာ"တဲ့လေ...။

"အော် ပုလုံးတို့များ သူငယ်ချင်းတယောက်လုံး ထားခဲ့ရမှာတောင် ပျော်နေတာ..."

မျက်နှာငယ်လေး လုပ်ပြလိုက်တော့ Jimin တယောက် လက်ထဲကအထုတ်တွေကို ချက်ချင်းချလိုက်ပြီး Kookie ကိုပြေးဖတ်ပါလေရော...။

"မင်း၀မ်းနည်းနေတာလား"

"၀မ်းနည်းတာပေါ့ မင်းကငါ့ကိုထားသွားတာကို"

"မင်း ၀မ်းနည်းနေရင် ငါ ငါ အဲ့အလုပ်မလုပ်တော့ဘူး"

ဒီကောင်လေး ကျွန်တော်ကို ဘယ်လောက်ချစ်လဲ ကျွန်တော်အသိဆုံး။ အခုလဲ ကျွန်တော် စိတ်မကောင်းဖြစ်မှာဆိုးလို့ အလုပ်ကိုထွက်မယ်တဲ့လား။ ကလေးဆန်လိုက်တာ...။

"ကြက်ပေါက်ကလေးရဲ့ ငါကစနေတာ"

"ဟင်"

"အင်း...ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက် ငါ့ကိုနေ့တိုင်းဖုန်းဆက်ဖို့လဲ မမေ့နဲ့ ကြားလား"

"Nae"

ဒေါက် ဒေါက် ဒေါက်

တံခါးလာခေါက်သံကြောင့် ဖွင့်လိုက်တော့ Boss ရဲ့ မန်နေဂျာ Jin...။

"Jin Hyung"

"ဟင် Jungkook မင်းက"

"Kookieနဲ့သိနေတာလား"

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Tempat cerita menjadi hidup. Temukan sekarang