Unicode
"Our Badbaby Boos"
Part 12 ∆
မျက်လုံးနှစ်ဖက်ကိုပွတ်ပြီး ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်တော့ Daddy ရှိမနေ။ Jimin လဲ ကျောင်းသွားရမှာမို့ ရေချိုးခန်းထဲ၀င်ကာ ရေချိုးချလိုက်သည်...။
ရေချိုးပြီး အ၀တ်စားလဲကာ ဆင်းလာတော့ Daddy ကမနက်စာပြင်နေသည်။ မနက်စာဆိုလို့ နောက်ပိုင်း Daddy လက်ယာတိုးတက်လာသည်...။
ဘာလို့တိုးတက်လာလဲမေးတော့ အိမ်အကူဒေါ်လေးကို မေးထားတာတဲ့ ကျွန်တော် စားလို့မကောင်းမှာ စိုးရိမ်လို့တဲ့လေ။ Daddy ဆိုတာ အဲ့လိုအလိုက်သိပြီး ချစ်စရာအကောင်းဆုံး လူသားပင်...။
"Daddy~~~"
သူ့ဆီကို ပြေးလာပြီး လာဖတ်တဲ့ ကလေးလေး။
"နိုးပြီလား baby"
"ဟုတ်..."
"သွားထိုင်နေ မနက်စာ ယူလာမယ်"
Jimin လဲ စာပွဲမှာ၀င်ထိုင်လိုက်တော့ မနက်စာလာချပေးတဲ့ သူ့ရဲ့ Daddy...။
"Wow...ထမင်းကြော်လား"
"ဟုတ်တယ်လေ Baby ပဲ ညကထမင်းကြော်စားချင်တယ်ဆို ဒါကြောင့် ကြော်နည်း ဒေါ်လေးကို မေးထားတာ"
"အားး Baby ရဲ့ Daddyက အကောင်းဆုံးပဲ"
ချက်ချင်း ပါးကိုထနမ်းတဲ့ Jimin ကြောင့် Yoongi ပြုံးမိသည်။ တယောက်ထဲနေတုန်းက မနက်စာဆိုတာ ဘာမှန်းမသိ။ အခုတော့ မိုးလင်းတာနဲ့ ကလေးငယ်အတွက် မနက်စာကို ကိုယ်တိုင်စီစဥ်တက်နေပြီ...။
ကလေးငယ်ကြိုက်တက်တာတွေ ကိုယ်တိုင်လုပ်ကျွေးရတာ ကျွန်တော် အမြတ်နိုးဆုံး အလုပ်တခုဆိုလဲ မမှားပေ...။
"စာမေးပွဲနီးပြီနော် Baby စာတွေကောရပြီလား"
"ဟီးး ရပါတယ် Daddyရဲ့ အေးဆေး"
"အင်းအေးဆေးစား Daddy အ၀တ်စားသွားလဲ လိုက်အုံးမယ်"
"ဟုတ် Daddy"
ခဲရောင်ကားတစီး ကျောင်းထဲကို၀င်လာပြီဆိုထဲက လူတွေရဲ့မျက်လုံးတွေဟာ ထိုကားဆီပင်။
ကားပေါ်က ဆင်းလာတဲ့ ရုပ်ဖြောင့်ဖြောင့်ကောင်လေးရယ် ချစ်စရာအတိကောင်းလေးရယ်ကတော့ Uniမှာ နာမည်ကြီးနေတဲ့ စုံတွဲဆိုလဲမမှား...။
![](https://img.wattpad.com/cover/248515390-288-k833819.jpg)
BẠN ĐANG ĐỌC
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Lãng mạn[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎