Unicode
"Our Badbaby Boos"
Part 6 ∆
ညက အနှီးပေါက်လေးကတော့ ငိုပြီးအိပ်သွားလေသည်။ အဖြေတောင် မတောင်းလိုက်ရတဲ့ အဖြစ်။ အခုလဲကြည့်အုံး အိပ်ယာထဲကနေ မထသေးဘူး။ တော်သေးတာပေါ့ ဒီနေ့က သူ့အတန်းချိန်က တချိန်ပဲရှိလို့...။
သူ့အတန်းချိန်တွေပါ သိနေတာလားတော့ မမေးနဲ့။ baby နဲ့ပတ်သတ်ရင် ကကြီးကနေ အအထိ စုံစမ်းပြီးသားပဲ။ အဲ့လောက်ထိ Baby ကိုချစ်တာ...။
Yoongi နာရီကိုကြည့်လိုက်တော့ ၈နာရီတောင်ခွဲပြီ။ မဖြစ်သေးပါဘူးလေ ကုမ္ပဏီ သွားဖို့နောက်ကျတော့မယ်။ babyကိုလဲ နှိုးမနေတော့ပါဘူး။ နားရက်လေး အေးဆေးအိပ်ပါစေ။
နဖူးလေးကို ခပ်ဖွဖွလေး နမ်းပြီး "Morning Baby"
Yoongiလဲ ရေချိုးပြီး အ၀တ်စားလဲကာ Jimin အတွက် အ၀တ်စား နှင့် စာတစောင်ချန်ပြီး ကုမ္ပဏီကို ထွက်လာခဲ့သည်။ ဒီနေ့ Kim Namjoon ရဲ့ ကုမ္ပဏီ နဲ့ Meeting ရှိတာကြောင့် Jimin အနိုးကိုမစောင့်တော့ပဲ ထွက်လာတော့သည်။
Jimin နိုးတော့ ဘေးမှာ Yoongi ရှိမနေတော့...။
"ဟင် Hyung ဘယ်ရောက်သွားတာလဲ"
မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ကာ အောက်ထပ်ကို ဆင်းလာတော့ အိမ်အကူ အဒေါ်ကြီးက အိမ်သန့်ရှင်းရေးလုပ်နေရဲ့။
"ဒေါ်လေး Hyung ကော.."
"သခင်လေးက ကုမ္ပဏီ သွားပြီလေ အကိုလေးအတွက် မနက်စာစီစဥ်ထားပါတယ်"
"အကိုလေး? ဘယ်သူ့ကိုခေါ်လိုက်တာလဲ"
"အကိုလေးကိုခေါ်တာလား ဒီက အကိုလေးကို"
ဟင် ငါကိုခေါ်နေတာ ငါကဘယ်တုန်းက အကိုလေးဖြစ်သွားတာလဲ? ငါ့က ဒီမှာ အလုပ်လုပ်ဖို့လာတာလေ။ သူလဲအလုပ်သမား ငါလဲအလုပ်သမားမဟုတ်လား?
"အကိုလေး ရေချိုးလိုက်တော့နော် မနက်စာ စီစဥ်ပေးထားမယ်"
"ဟင် အင်း ဟုတ်ကဲ့"
Jiminလဲ ကြောင်တောင်တောင်လေးနဲ့ အပေါ်ထပ်ပြန်တက်လာတော့သည်။ ဘာမှလဲမတွေးချင်တာကြောင့် ရေချိုးချလိုက်သည်။ ရေချိုးပြီး အ၀တ်စားလဲရန် ဗီဒိုကို ဖွင့်လိုက်တော့ အကျီနဲ့ဘောင်းဘီလေးခေါက်ရက် တိုင်းလေးထားပြီး အပေါ်မှာလဲ စာရွက်လေးတရွက်တင်ထားသည်။

YOU ARE READING
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎