Unicode
"Ours Badbaby Boos"
Part 7 ∆
"Baby...ထတော့.."
"အင်း..."
နှိုးနေတာ ၁၅မိနစ်လောက်ရှိနေပြီ အင်းအဲနဲ့ ဟိုလက်လှိမ့်လိုက်။ ဒီဘက်လှိမ့်လိုက်နဲ့။ အခုထိကို မထသေးဘူး။ ဒီပုံစံတိုင်းဆိုရင်တော့ ဒီနေ့အလုပ်တော့ပြီးတော့မှာပဲ...။
Yoongi လဲ စိတ်မရှည်တာနဲ့ စောင်ထဲမှာ မြှုပ်နေတဲ့ ကလေးပိစိလေးကို စောင်နှင့်အတူလုံးထွေးပြီး ပွေ့ချီလိုက်တော့ မျက်၀န်းတွေ ပြူးကျယ်လာပြီး နိုးလာတော့သည်။
"Daddy...Daddy ဘာလုပ်မို့လဲဟင်"
"ရေချိုးပေးမလို့.."
"ဟင် ရတယ် Baby ဘာသာချိုးမယ် ချပေးနော် နော်လို့Daddy"
ချခိုင်းမှ မဟုတ်ရင် Daddy ကတကယ်ချိုးပေးမှာ။ Daddy ကအပြောနှင့်အလုပ်ညီတာ ကျွန်တော်အသိဆုံးမို့။
"Daddy ချပေးလို့ နော်..."
"၅မိနစ်အချိန်ပေးမယ် ၅မိနစ်အတွင်းရေချိုးတာမပြီးရင် Daddy အဆိုးမဆိုးနဲ့နော်"
"ဟုတ်...Daddy ချပေးနော် ဟီးး"
ရှိသမျှသွားတွေဖြဲပြလိုက်တော့မှ Daddy ကအောက်ချပေးတော့သည်။ အောက်ရောက်တော့ စောင်တွေကို ပြန်ခေါက်လိုက်ပြီး ရေချိုးရန်ပြင်တော့သည်။
"Baby ခဏ"
"ဘာပြောမို့လဲ Daddy"
"တခုခုများကျန်ခဲ့လားလို့..."
"ဟီးး"
ခြေဖျားထောက်က ပါးကိုလှမ်းနမ်းပြီး ရေချိုးခန်းထဲ လုံးလုံးလေး ပြေး၀င်သွားတဲ့ ကောင်ဆိုးလေး....။ ကြည့်ရတာရှက်လို့နေပါရဲ့။ သူမပြောနဲ့ အနမ်းခံရတဲ့ကိုယ်တောင် ရှက်တယ်။ ချစ်သူတွေဖြစ်တာ ၁ရက်ပဲရှိသေးတာကြောင့် ကျွန်တော်တို့အကြား အကျင့်သားမရသေးတာဆို ပိုမှန်မည်...။
Jimim ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ Yoongi ရှိမနေတော့။ အ၀တ်အစား၀တ်ရန် ဗီဒိုကို ဖွင့်လိုက်တော့ ထုံးစံအတိုင်း Daddy က ကျွန်တော်အတွက် အ၀တ်စားထုတ်ပေးထားသည်။
Daddy ထုတ်ပေးတဲ့ အ၀တ်စားကို၀တ်ပြီး အောက်ထပ်ကို ဆင်းလာတော့ မီးဖိုချောင်းထဲမှာ Apronနဲ့ အလုပ်ရှုပ်နေတဲ့ Daddy...။
ESTÁS LEYENDO
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎