Unicode
"Our Badbaby Boos"
Part 3 ∆
Jimin နဲ့ စကားပြောရန် VIP အခန်းတခန်း စီစဥ်ခိုင်းလိုက်သည်။ အခုတော့ VIP အခန်းထဲမှာ Yoongiရယ် Jiminရယ် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ Jimin ကတော့ အခုချိန်ထိ ဘာမှမပြောပဲ ခေါင်းသာငုံ့ထားလေသည်။ Yoongiကတော့ Jimin အရှေ့မှာ ခြေချိတ်ထိုင်ပြီး Jimin ကို မျက်တောင်မခတ်တန်း အကဲခတ်နေရဲ့။
"မင်းနာမည် Park Jimin ဟုတ်လား?
"ဟုတ်..ဟုတ်ကဲ့"
"ကျစ်....ငါကစကားပြောရင် ငါ့မျက်နှာကိုကြည့်ပြီးပြောမှ ကြိုက်တာ"
ဒီတော့မှပဲ Jimin လဲ မရဲတရဲလေးနဲ့ ခေါင်းလေးမော့လာလေရဲ့။ Yoongi ကတော့ ဂျွတ်စပ်စပ်ပြုံးပြီး Jimin ကိုပြန်ကြည့်ရင်း စကားဆက်လေရဲ့။
"မင်းအသက်ဘယ်လောက်လဲ?
"18ပါ"
Wait...18? ငါ့ထက်ဆယ်နှစ်တောင်ငယ်တာလား။ အင်းလေ ရုပ်ကလဲ သူငယ်တန်းကလေးသာသာရုပ်လေးဆိုတော့ ဖြစ်သင့်ပါတယ်လေ။
"ကျောင်းတက်တုန်းလား"
"ဟုတ်ကဲ့ Uni တက်နေတာပါ ဒုတိယနှစ်"
"ဒါဆို ကျောင်းတဖတ်နဲ့ အလုပ်လုပ်တယ်ဆိုပါတော့?
"ဟုတ်ကဲ့ ဒါကြောင့် Boss...
"Hyung လို့ခေါ်"
"ဗျား"
"နားကောင်းတယ်ဟုတ်"
"အားး Sorry ကျွန်တော်က မလေးမစားဖြစ်မှာဆိုးလို့ပါ"
ပြာပြာသလဲ ရှင်းပြနေပြီး ချက်ချင်း ခေါင်းလေးငုံ့သွားတဲ့ Jimin ကိုကြည့် Yoongi တယောက် ရယ်ချင်တဲ့စိတ်ကို မနည်းထိန်းထားလေရဲ့။
"ခုနကစကားဆက်ပြော"
"ဟုတ်ကဲ့ ကျွန်တော်က ကျောင်းသားဆိုတော့ Hyung ရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ အဆင်မပြေလို့ အဲ့ဒါ...တောင်းပန်ပါတယ်"
"ကောင်းပြီ ကိုယ်နားလည်ပြီ"
"ကျွန်တော် ဒီမှာပဲ မလုပ်ဆက်လုပ်လို့ မရဘူးလားဟင် ကျွန်တော်အတွက် အလုပ်တခုရှိမှ ဖြစ်မှာမို့လို့ပါ"
"မရဘူး ဒါပေမယ့် ငါမင်းကိုအလုပ်တခုပေးမယ်"
အလုပ်ပေးမယ်လဲပြောရဲ့ အရောင်လတ်လာတဲ့ မျက်၀န်းတွေနဲ့ မော့ကြည့်လာတဲ့ကောင်လေး။
မင်း မျက်၀န်းတွေ သိပ်လှတာပဲ ကောင်လေးရယ်...။ ဘာလို့လဲမသိပေမယ့် မင်းကိုကိုယ့်အနားမှာ ထားချင်တယ်။ အခုမှတွေ့တဲ့လူကို ချက်ချင်းစွဲလမ်းသွားတာ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်မဟုတ်လား....။
ESTÁS LEYENDO
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎