Unicode
"Our Badbaby Boos"
Part 2 ∆
Jiminလေး ဒီနေ့စောစော နိုးနေခဲ့သည်။ အကြောင်းကတော့ မနေ့က Tuto နောက်ကျတာကြောင့် ဆရာမက အပြစ်ပေးမည်ပဲ ထင်ထားသော်လည်း အပြစ်မပေးပဲ ဖိုင်းကောက်ခဲ့တာကြောင့် Jungkookပေးတဲ့ မုန့်ဖိုးတွေပေးလိုက်ရသည်။ နောက်ရက်တွေထပ်ပျက်ရင်လဲ ဒီလိုပဲ ပေးရမည်ဆိုလ်ို့ ဒီနေ့တော့ စောစောထဖြစ်သည်။
"ဒီနေ့ နှိုးစရာတောင်မလိုပဲ ထလို့ပါလား?
"အင်း ဖိုင်းကောက်မှာဆိုးလို့"
ဒီနေ့တော့ ကင်ချီထမင်းကြော်ပြီး Jimin အတွက် မနက်စာစီစဥ်ဖြစ်သည်။ ပန်ကန်ကိုအရှေ့ချပေးလိုက်တော့ ဆူပုတ်ပြီးစားလေရဲ့။ ကြည့်ရတာ မနက်စောစောထရလို့ ကောက်တော်မူနေတယ်ထင်ပါရဲ့။
"ဆူပုတ်နေတာပဲ"
"ဟွန်းး စောစောထရတာကို အိပ်ရေးမ၀ဘူး"
"ဒါဆို အိပ်ရေး၀အောင်ပြန်အိပ်လိုက်လေ"
အရှေ့ကနေ ရွဲ့ပြီးပြောနေတဲ့ Kookieကို မျက်စောင်းလှလှလေးထိုးပြစ်လိုက်သည်။
"နောက်ကျရင် ဖိုင်းကောက်မှာ ရိုက်တာကခံနိုင်တယ်။ ဖိုင်းတော့ အကောက်မခံနိုင်ပါဘူး။ မင်းကငါ့အတွက်ပါ ရှာကျွေးနေရတာ။ မင်းပိုက်ဆံတွေ အလကားသက်သက် မသုံးရက်ဘူး"
Jimin ပြောတာကိုနားထောင်ပြီး Jungkook ယေးယေးလေးပြုံးလိုက်သည်။ Jimin က ကလေးလိုသာဆိုးချင်ဆိုးမယ်။ ကျွန်တော်အတွက်ကတော့ အမြဲတမ်း ကြည့်ပေးသည်။
"ဟုတ်ပါပြီ နောက်ရက်တွေလဲ စောစောထ ဟုတ်ပြီလား"
"အင်း ဒီညကော အိမ်ပြန်နောက်ကျမှာလား?
"အင်း ငါဒီနေ့ ကျောင်းမတက်တော့ဘူး"
"ဘာလို့?
"ငါအလုပ်သစ်တခု သွားလျှောက်မို့ မင်းပဲ ကျောင်းသွားလိုက်တော့ စာတွေတော့ ကူးထားပေးလေ"
"ဟွန်းး လုပ်ပြီ ငါတယောက်ထဲ သွားရတော့မယ်"
ဒီလိုနဲ့ Jimin လဲ မနက်စာစားပြီး ကျောင်းသွားရန်ပြင်ဆင်တော့သည်။ Jungkook မပါတာကြောင့် တယောက်ထဲ စက်ဘီးနဲ့ကျောင်းကို သွားရတော့သည်။ Kookieမပါတော့ ပျင်းခြောက်ခြောက်နဲ့ ကျောင်းတောင်မတက်ချင်တော့ဘူး။
YOU ARE READING
☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance[My First Fanfic] Yoongi ~~ Top ♡︎ Jimin ~~ Bottom ♡︎ Taehyung ~~ Top ♡︎ Jungkook ~~ Bottom ♡︎