Part 17 ∆

8.1K 837 185
                                    

Unicode

"Our Badbaby Boos"

Part 17 ∆

"ကဲပြော မင်းတို့နှစ်ယောက်က ငါ့သားတွေရဲ့ ရည်းစားတွေပေါ့ဟုတ်လား?

Jimin အမေ အမေးကိုတော့ Taehyung နှင့် Yoongi တယောက်မျက်နှာတယောက်ပြန်ကြည့်ကာ အူကြောင်ကြောင်လေးဖြင့် ပြိုင်တူ ခေါင်းငြိမ့်ပြသည်...။

"မင်းတို့ကို ငါ့သားတွေနဲ့ သဘောမတူနိုင်ဘူး"

Jimin အမေရဲ့စကားကြောင့် Yoongiကော Taehyung ကော အံသြသွားရသည်။ တကယ်ပဲ သူတို့ကို သဘောမတူနိုင်တာလား...။

ဒီအခြေအနေတွေ တနေ့ကျရောက်လာလိမ့်မယ် ကြိုတွေးထားသော်လည်း လက်တွေ့မှာ ခံနိုင်ရည်မရှိဘူး ကလေးငယ်ရယ်...။

Jimin နဲ့ Jungkookကတော့ အသံတိတ်ငိုနေကြသည်။ ထိုအခြေအနေကို ဖြိုခွင်းလိုက်သူကတော့ Yoongiပင်...။

"အန်တီလက်မခံနိုင်လောက်ဘူးဆိုတာ ကြိုတွက်ပြီးသားမို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါ ကျွန်တော်တို့နှစ်ယောက်လုံး အန်တီရဲ့သားတွေကို တကယ်မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တာမို့ ကျွန်တော်တို့ကို လက်ခံပေးပါ"

"ဟုတ်ပါတယ် ကျွန်တော် Jungkookကို တင့်တောင်တင့်တယ်နဲ့ တောင်းရမ်းလက်ထပ်ယူမှာမို့  ကျွန်တော်တို့ကို မခွဲပါနဲ့အန်တီ"

အရှေ့ကနေ မာမာမတ်မတ် ရပ်တည်ပေးနေတဲ့ Daddyတွေကိုကြည့်ပြီး ကလေးငယ်တွေကြည်နူးမိသည်...။

သို့သော် အခုချိန်ထိတင်းမာနေတဲ့ အမေလုပ်သူကြောင့် အကုန်လုံးဘာမှထပ်မဟရဲပေ...။

"မင်းတို့တွေမရှက်ဘူးလား မင်းတို့ကို ပတ်၀န်းကျင်က လက်ခံမယ်ထင်နေလား?

🐱"ပတ်၀န်းကျင်က ဘယ်လိုပဲမြင်မြင် ကျွန်တော်ကြောင့် Jimin ပျော်နေရရင် ကျေနပ်ပြီမို့ ကျွန်တော်ပတ်၀န်းကျင်ကို ဂရုမစိုက်ဘူး အန်တီ"

အနည်းငယ် တင်းမာလာတဲ့ Yoongi အသံကြောင့် စကား၀ိုင်းဟာ ပိုပြီးခက်ထန်လာသည်။ Jiminလဲ သူDaddy အကြောင်းကိုအသိဆုံးမို့ ဘာမှမပြောရဲပေ...။

"မင်းကပတ်၀န်းကျင်းကို ဂရုမစိုက်ပေမယ့် ငါတို့ကတော့ ဂရုစိုက်တယ်"

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Tahanan ng mga kuwento. Tumuklas ngayon