Part 10 ∆

10.1K 1.1K 275
                                    

Unicode

"Our Badbaby Boos"

Part 10 ∆

အခုဆို Daddyနဲ့တွဲနေတာ ၃လကျော်ပြီ။ ချစ်သူတွေဖြစ်ထဲက စိတ်မချဖူးဆိုပြီး အိမ်မှာခေါ်ထားတာကြောင့် Daddy နဲ့အတူနေဖြစ်တာ ၃လကျော်ပြီ ဖြစ်သည်...။

Daddy က ကျွန်တော်ကိုအရမ်းချစ်သလို အပြည့်အ၀လဲ ဂရုစိုက်သည်။ တခုပဲ အရမ်းသ၀န်တိုတာကြောင့် မကြာခဏ စကားများရသည်။ ဒါကလဲ Daddyက ကျွန်တော်ကိုသိပ်ချစ်လို့ဖြစ်တာမို့   ကျွန်တော်ဘက်ကပဲ အမြဲနားလည်ပေးရသည်။

"Baby..."

"ဟွန်းး ဘာတုန်း"

"ဟော မနက်စောစော နှုတ်ခမ်းကြီးထောပြီး စိတ်ကောက်နေပြန်တာလား?

ကြည့်ရတာ ကျွန်တော်ညတုန်းက အိမ်ပြန်နောက်ကျလို့ ထင်ပါရဲ့။ နောက်ကျဆို ညက နိုင်ငံခြားဧည့်သည်တွေနဲ့ ညစာအတူတူစားနေတာမို့ နောက်ကျခြင်းဖြစ်သည်။  ဒါကိုစိတ်ကောက်နေတာထင်ပါရဲ့...။

"အဲ့တိုင်းပဲကြည့်နေမှာလား?

"ဟင် မကြည့်လို့ကိုယ်က ဘာလုပ်ပေးရမှာလဲ?

စိတ်ကောက်နေရင် နှုတ်ခမ်းလေးကို ထော်နေရောပဲ။ အဲ့လိုထော်နေတဲ့ နှုတ်ခမ်းလေးကို အသဲယားလွန်းလို့ ထပ်စမိနေတာကို ဒီကလေးမသိဘူးထင်ပါရဲ့...။

"ဒီနေ့ကျောင်းမသွားတော့ဘူး"

"ဟုတ်သား အတန်းချိန် တချိန်ပဲရှိတာပဲ ဒါဆို အိမ်မှာပဲ အေးဆေးနေတော့နော်"

"အပြင်သွားမို့"

"မရဖူးနော် Baby"

"မသိဘူး မရလဲသွားမှာ"

စိတ်ကောက်ရင် ချစ်ဖို့ကောင်းသလောက် အမြင်လဲကတ်ဖို့ကောင်းတဲ့ ကလေးငယ်ပင်။ အခုလဲ လူကိုတမင်စိတ်ပူအောင်လုပ်နေတာ။

"ကိုယ်နဲ့ ကုမ္ပဏီ လိုက်ခဲ့"

"မလိုက်ချင်ပါဘူး ဒီလောက်ပျင်းစရာကောင်းတာကို"

"ကုမ္ပဏီ လိုက်မလား အိမ်မှာပဲနေမလား Baby ရွေးလိုက်"

တွေ့လား။ တခုခုဆို လူကိုအမိန့်ပေးဖို့လောက်ပဲ။ စိတ်ကောက်နေတာကို မချော့ပဲ ထပ်ပြီးစိတ်ဆိုးအောင် လုပ်နေတာ။ ကြည့်လို့ကိုမရဖူး အဲ့လူကြီးကို ဟွန့်...။

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Where stories live. Discover now