Part 5 ∆

10.3K 1.2K 252
                                    

Unicode

"Our Badbaby Boos"

Part 5 ∆

မနက်ခင်းနေရောင်ခြည်နှင့်အတူ မှန်တံခါးကနေတဆင့် ကျရောက်လာတဲ့ အလင်းတန်းကြောင့် ဦးဏှောက်ဟာ အလုပ်ပြန်လုပ်လာပြီး မှေးစင်းနေတဲ့ မျက်၀န်းတွေဟာ ပြူးကျယ်လာတော့သည်။

ဒီမနက်ဆောင်းကလဲ အေးလိုက်တာ...။ ဒါပေမယ့် နွေးနေတယ်။ ဖက်လုံးကလဲ နေ..နေပါအုံး ဖက်လုံးက ဘာလို့ မပျော့ပဲ မာနေရတာလဲ...။ နှာခေါင်းထဲ၀င်လာတဲ့ ကိုယ်သင်းနံ့ယေးယေးလေးကြောင့် Jimin တယောက် မျက်လုံးကို အားစိုက်ပြီး ဖွင့်ကြည့်လိုက်တော့ သူ့ကိုသေချာစိုက်ကြည့်နေတဲ့ မျက်၀န်းတွေနဲ့ တိုးတော့သည်။

"နိုးပြီလား"

"H..Hy..hyung"

ကျွန်တော်က Hyung ရဲ့ရင်ခွင်ထဲမှာတဲ့လား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျွန်တော်က Hyung ရဲ့ရင်ခွင်ထဲမှာတဲ့လား...။ပြီးတော့ Hyung က ကျွန်တော်ကို ဖတ်ထားတယ်။ ဒါဘယ်လိုအခြေအနေမျိုးကြီးလဲ...။

"နိုးရင်ဖယ်တော့ ကိုယ် ကုမ္ပဏီ သွားရအုံးမယ်"

"ဗျား..ဟုတ် ဟုတ်ကဲ့"

Jiminလဲ ပြာပြာသလဲနဲ့ ကောက်ထလိုက်တော့ Yoongi ဗိုက်ကို ထောက်ပြီး ထလိုက်သလို ဖြစ်သွားတာကြောင့် Yoongi ထအော်ပါလေရော။

"အ့"

"အား Sorry တောင်း တောင်းပန်ပါတယ် Hyung"

ဒီလောက်လေးဖြစ်မိတာကို မိုးပြိုတော့မှာလို့ မျက်ရည်တွေလည်လာတဲ့ ကောင်လေးကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတယ်။

"ဟိတ်..ဟာ မငိုနဲ့လေ"

"အဟင့်....မတော်တဆ ထိမိတာပါ"

"ဟုတ်ပြီ ကိုယ်သိတယ် မငိုနဲ့တော့ ဟုတ်ပြီလား ကိုယ်ရေသွားချိုးတော့မယ် အ၀တ်စားထုတ်ထားပေး"

☻︎ Oᴜʀ Bᴀᴅʙᴀʙʏ Bᴏᴏs ☻︎ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲) Where stories live. Discover now