(Unicode)
တရှဲရှဲ မြည်နေသော အပြင်က ကုက္ကိုလ် ပင်ကြီးအား အကြောင်းမဲ့ငေးမောနေမိသည်...။
လေပြေရဲ့စေလိုရာ နှင်လိုရာ ရွေ့လျားနေတဲ့ သစ်ရွက်နုတွေက အမြစ်ရဲ့ဆွဲအားကြောင့် ယိမ်းထိုးယုံမျှ မတတ်နိုင်...။
သူတို့လေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းချင်ရဲ့လားဟူသော တွေးမိတော့လည်း သနားမိသည်။ဒါပေမဲ့ ပင်စည်အမြစ်တွေလည်းသူ့ဘဝကြီးမှာမရှိရင်သေဆုံးဖို့က အလွယ်တကူပင် မဟုတ်လား..။
သူ့ဘဝလဲ ဒီတစ်ခါတော့ ထိုသစ်ရွက်လိုပဲ လွတ်လွတ်လပ်လပ်ပျံသန်းချင်ပေမဲ့လည်း ပင်စည်အမြစ်ဖြစ်တဲ့ အမေသာမရှိရင် သေဆုံးလွယ်တဲ့ သစ်ရွက်ဟောင်းလိုပေါ့..။
"ကင်မ်ထယ်ယောင်း နောက်နှစ်နာရီဆို ခွဲခန်းထဲဝင်ရပါမယ်"
ဆရာမလေးရဲ့ သတိပေးသံကြောင့် ခေါင်းငြိမ့်ပြကာ သက်ပြင်းထပ်ချမိပြန်သည်။သူ့သက်ရှုသံမှ လွဲ၍ တိတ်ဆိတ်နေသော အခန်းထဲမှာ အထီးကျန်ဆန်လွန်းတာမို့ မောင့်ကို သူ့ဆီလာဖို့ အမြန်ဆုတောင်းမိသည်...။
အချိန်တစက္ကန့်ကုန်လေ တွေ့ဆုံခွင့် နည်းလာလေဖြစ်တာကြောင့် အခုလက်ရှိမှာ သူ့အတွက်တန်ဖိုးရှိတုန်းက အချိန်တွေပင်..။
နာရီဝက်လောက်ကြတော့သူ့ဆုတောင်းကပြည့်ခဲ့သည်...အခန်းထဲကို ပြေးဝင်လာသော မောင်ကြောင့် သူပြုံးပြလိုက်တော့ လူကို မတွေ့ရကြာတဲ့အတိုင်းဆွဲဖက်တော့ အင့်ခနဲတောင် ဖြစ်သွားသည်။
"တောင်းပန်ပါတယ်အကို မောင်နောက်ကျသွားတယ်။အလုပ်တွေအကုန်ပြီးပြတ်အောင်လုပ်နေတာမို့ နောက်ကျသွားတယ်"
"ဟင့်အင်း ရတယ် အချိန်တွေကျန်သေးတယ်"
"အကို ကလေးလေးမွေးပြီးရင် ကျွန်တော်တို့လူတွေဝေးရင်ဝေးလိမ့်မယ် နှလုံးသားချင်းကတော် နီးနေဦးမှာ။အဲ့အချိန်မှာ ကျွန်တော် ကလေးလေးနဲ့အကို့ဆီလာမှာမလို့ အကိုက စောင့်ပေးမယ်မလား"
မောင့်အမေးမှာ ပြန်ဖြေစရာအင်အားမဲ့လျက်..။အခုချိန်မှာ သူအားတင်းကာပြုံးလိုက်ရင်း မောင့်ကိုတင်းကြပ်ကြပ်ဖက်လိုက်သည်။ဘယ်သူဝင်လာလာ သူဂရုမစိုက်တော့...အခုချိန်မှာ မောင့်ရဲ့ အနွေးဓာတ်ကိုသူလိုနေတာမို့...။