(Unicode)
ငိုပြီးအိပ်ပျော်သွားသော သားငယ်ရဲ့နှဖူးကိုနမ်းကာထယ်ယောင်းအခန်းပြင်ထွက်လာတော့ ဆေးလိပ်သောက်နေသောမောင် ကြောင့် ထယ်ယောင်းအနည်းငယ်တော့ အံ့ဩသွားသည်။
မောင်က ဘီယာ ဆိုဂျူသောက်ပေမဲ့အရက်ဂျိုးမဟုတ်။ဆေးလိပ်ဆိုတာလဲမောင်နဲ့တွဲလျက်မမြင်ဖူးပါ။ဒါပေမဲ့လည်း စိတ်ထွက်ပေါက်အနေဖြင့်သောက်တာ သာဖြစ်လောက်မည်လို့တွေးရင်း သူဘာမှမပြောတော့။
"မောင်"
"အကို"
ဆေးလိပ်ငွေ့ကိုလက်နဲ့ခါထုတ်ကာ လက်တန်းပေါ်မှာမီးသတ်လိုက်ပြီး အောက်ကိုပစ်ချလိုက်သောမောင်...။
"Sorryအကို"
"ရပါတယ် အေးဆေးသောက်"
"နည်းနည်းစိတ်ညစ်လို့ပါ"
သဘာဝပတ်ဝန်းကျင် ကားသံ စက်သံ လူသံတွေ ပြည့်နေသော်လည်း မောင်နဲ့သူဟာ တိတ်ဆိတ်စွာ အဝေးကိုငေးကြည့်နေမိသည်။
"မောင် နောင်တရနေတာလား"
"ဘာ ကိုလဲအကို"
"မောင် သားနဲ့အမေ့ဘက်ကိုကြည့်ပြီးသူမ ဆီပြန်သွားချင်ရင် အကို့ ကို ထားခဲ့ပြီ --"
ပါးစပ်ကသာပြောနေပေမဲ့သူ့စိတ်ထဲမပါ။မောင့်ကြည့်ရတာ တစ်ခုခုဖြစ်နေတာကြောင့် ဖြစ်နိုင်ချေစဥ်းစားကာသူပြောလိုက်တော့ ကြားဖြတ်ကာ သူ့နှုတ်ခမ်းတွေကိုဆွဲနမ်းသောမောင်...။မွှန်ထူထူဆေးလိပ်အနံ့တွေက ရှိုက်စရာမလိုအောင် လည်ချောင်းထဲကိုတိုးဝင်သွားသည်။
ကြမ်းရှရှအနမ်းတွေကို သူတတ်နိုင်သလောက်တုန့်ပြန်ပြီးတော့ သူ့နှဖူးကိုတောက်လာသော မောင်..။
"အ့!"
"အကိုကအရူးလား အကို့ကိုချစ်လို့အကို့နောက်လိုက်လာပါတယ်ဆိုမှ"
"ဒါဆိုဘာလို့စိတ်ညစ်တယ်ပြောလဲ"
"အခုလက်ရှိမှာ မောင့်ဘက်ကကွာထားတယ်ဆိုပေမဲ့ သူမကဘာမှမလုပ်ထားရင် အရင်လို လင်မယားအရာပဲဖြစ်နေမှာ။အဲ့ဒါကအကို့အတွက်မကောင်းဘူးလေ။အဲ့ဒါကိုတွေးနေတာ"