Seven

9.9K 1K 65
                                    

(Unicode)

"ကျွန်တော့်ကိုခဏလေးပဲသွားခွင့်ပေးပါ တစ်နာရီလောက်ပါပဲ"

"ကင်မ်ထယ်ယောင်းရှီ လုံးဝမရပါဘူး ချုပ်ရိုးတောင်မဖြည်ရသေးတာ အပြင်က ပိုးတွေက တွယ်နိုင်လွယ်တယ်နော်"

"ဒါပေမဲ့ အမေ့အတွက် ဒီနေ့ဆေးမထည့်ပေးရသေးဘူး"

မ နဲ့အတူ နောက်နေ့ အကို့ဆီရောက်လာတော့ အ​ပြင်ဘက်ကကြားနေရသော အကိုနဲ့ ဆရာမလေး စကားများ..။အထဲဝင်လိုက်တော့ မ က ပင်..။

"ဘာဖြစ်နေကြတာလဲ"

"ဪ ဂျွန်အင်မ်ဆူရှီ"

"ဂျွန်အင်မ်ဆူ ရှီ ကျွန်တော့်အမေ့ကိုတစ်ခါလောက်သွားတွေ့လို့ရမလား။အမေက ကျွန်တော့်ကိုမတွေ့ရင်ရှာနေမှာ"

"ဒါပေမဲ့ ချုပ်ရိုးမဖြေရသေးဘူးမလား မသွားတာပိုကောင်းမယ်ထင်တယ်နော်"

"ဟို ခ ခဏလေးပါပဲ"

သူ့စကားကိုနားမထောင်တဲ့အကို..။အကိုသိပ်ကိုခေါင်းမာတယ်ဗျာ....။
ကျွန်တော်တို့နှစ်​ယောက်ထဲသာရှိရင်ကိုယ့်အခြေနေကိုကိုယ်သိပါလို့ ကျွန်တော် မှတ်လောက်သားလောက်အောင်နမ်းလိုက်ရင်းသတိပေးလိုက်ချင်တယ်..။

"အခုအခြေနေက ရှင် ကျွန်မတို့အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာရောသိရဲ့လား။လုပ်စရာရ တစ်ခါထဲအပြတ်ဖြတ်ခဲ့ရမှာလေ"

"မ!!"

ပိုက်ဆံကိစ္စနဲ့တင် အရာရာအဆင်ပြေ​ပြေ လုပ်နိုင်မည် လို့ ထင်နေတဲ့ သူမကို မကျေနပ်တဲ့လေသံဖြင့် သူခေါ်လိုက်တော့ လှည့်ကြည့်လာသည်။

"ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးနေတာမှန်ပေမဲ့ သူ့အမေကိုတော့သတိရမှာပဲလေ။နည်းနည်းပါးပါးအေးအေးဆေးဆေးပြောလို့မရဘူးလား"

"ဒါပေမဲ့ တစ်လုပ်ကနေ နှစ်လုပ် ဖြစ်မှာဆိုးလို့လေ"

"ဟို ဂျွန်အင်မ်ဆူရှီ​ပြောတာမှန်ပါတယ်..။ကျွန် ကျွန်တော် မသွားတော့ပါဘူး"

ညိုးငယ်သွားတဲ့အကို့မျက်နှာကိုသူတွေ့ဖြစ်အောင် တွေ့လိုက်​သေးသည်..။
အကိုရယ် ကျွန်တော်အစကထဲက နောက်ဆုတ်ပါလို့ပြောခဲ့တယ်မဟုတ်ဘူးလား အခုတော့ အကို နာကျင်နေရပြီ..။

NeverWhere stories live. Discover now