(Unicode)
ထိန်ထိန်သာနေတဲ့လမင်းကြီးကခုနအတိုင်းပင်..။
လေယူရာယိမ်းနေတဲ့ သစ်ရွက်တွေရဲ့ပင်စည်ကိုမီးဆိုင်းတွေချိတ်ထားတာကြောင့် အလင်းရောင်ကမပျောက်..။
အေးစိမ့်စိမ့်ညချမ်းမှာတော့ ထယ်ယောင်းရဲ့ခန္ဓာကိုယ်လေးဟာ ဂျောင်ကုရင်ခွင်ထဲမှာနွေးထွေးနေခဲ့သည်။"ဘာလို့ထွက်သွားတာလဲ"
ဘာပြောရမယ်မှန်းမသိတာမို့အတန်ကြာတိတ်ဆိတ်နေမိသည်။သူ့အတွက် သင့်လျော်လောက်မည့် စကားတစ်ခွန်းကတော့
"တောင်းပန်ပါတယ်"
"မောင် အဲ့ဒါမကြားချင်ဘူး အကို။မောင် ကြားချင်တာ အကို ဘာကြောင့်ထွက်သွားခဲ့တာလဲ"
"တောင်းပန်ပါတယ်"
တောင်းပန်စကားကိုသာ တဖွဖွရွတ်နေတဲ့ အကို့ကြောင့် ဂျောင်ကု ဘာမှဆက်မမေးခဲ့...။
မသိစေချင်တဲ့အကြောင်းကို မသိချင်သလိုပဲနေလိုက်တော့မည်။အဓိက က အကိုသူ့ဆီကိုရောက်နေပြီပဲ..။"သား က အရမ်းသွက်တယ်နော်"
အနည်းငယ် အလှမ်းလောက်မှာ သစ်ပင်ကိုပတ်ပြေးနေသော သားငယ်ကိုငေးကာပြောလာသော အကို..။
"ဟုတ်တယ် သားက အကိုနဲ့သိပ်တူတယ် စိတ်ဓာတ်ရော အပြုမူရော စိတ်ဆိုးရင် နှုတ်ခမ်းဆူတတ်တာရော"
"ရုပ်ကတော့ မင်းနဲ့တထေရာထဲ"
"ကျွန်တော်တို့သားပဲကို"
သူ့စကားကြောင့် ပြုံးသွားသောအကို....၅နှစ်ကြာမှပြန်တွေ့ရသောအကို့ရဲ့အပြုံးတွေက ဂျောင်ကုက အတိတ်ကအလွမ်းတွေကိုဖြေဖျောက်စေသည်။
"လွမ်းနေခဲ့တာ"
"အကိုသိတယ်"
တိတ်ဆိတ်သွားပြန်တဲ့သူနဲ့အကို့ကြားကလေထု..။အလွမ်းတွေကိုစာစီကာပြောမယ်ကြံပေမဲ့ အပျော်လုံးစို့ပြီးတစ်ခုမှ မထွက်လာခဲ့..။
"မောင် အကိုတောင်းပန်ပါတယ် အကို ဒီကိုရောက်နေတာ သုံးလလောက်ရှိပြီ ဒါပေမဲ့ အကိုမင်းကိုလာမတွေ့နိုင်ခဲ့ဘူး အကိုအရမ်းကြောက်နေလို့ မင်း မင်းနဲ့ သားက အကို့ကို မုန်းနေမှာ စိတ်ပျက်နေမှာကိုကြောက်မိလို့။အကို တောင်းပန်ပါတယ်"