(Unicode)
"ဖွီး!!"
ချိုရဲလှသောကော်ဖီအရသာကြောင့် သောက်နေရင်းမှ Driver ရဲ့ မျက်နှာပေါ် သူမ ထွေးထုတ်လိုက်သည်...။
!တောက်ခ်!
"ချိုရဲနေတာပဲ ငါနင့်ကို ဘာမှာလိုက်လဲဟမ်!!"
"သ သကြား တစ်ဇွန်း နို့ နို့ မထည့်နဲ့လို့မှာလိုက်တာပါ သခင် သခင်မလေး"
"သကြားတစ်ဇွန်းအရသာ ဒီလောက်ရှိမလား မြည်းကြည့်စမ်း!!"
ပူနွေးနွေးကော်ဖီခွက်နဲ့ ပစ်ပေါက်ခံရတာတောင် Driver ဦးလေး ကြီးခမျာ ပူတယ်လို့ ပင်ရှောင်ခွင့်မရှိခဲ့...။
ချက်ချင်းပင် ခါးကျိုးမတတ် ငုံ့ကာ ကျော့ကျော့မော့မော့ထိုင်နေသောသမီးအရွယ် သူမအားတောင်းပန်ရတော့သည်..။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် သခင်မလေး"
"စောက်သက်လဲကြီးသလို စောက်သုံးလဲမကျဘူး သွား ရှင့်ကိုအလုပ်ထုတ်လိုက်ပြီ!!"
"တောင်းပန်ပါတယ် သခင်မလေး မလုပ်ပါဘူး ဒီလိုအသက်ရွယ်နဲ့အလုပ်ရဖို့ကရှားပါးတယ်။ကျွန်တော့်သမီးလေးလဲ မွေးရာပါ မျက်လုံးချို့ယွင်းမှုကြောင့် ဘာမှမလုပ်နိုင်ပဲ ကျွန်တော်ပဲရှာကျွေးနေရတာပါ တောင်းပန်ပါတယ်"
ညာတာ သနားမှုလေး ရလိုရငြား တောင်းဆိုမိတော့လဲ ရလာသည်က လစာတစ်ဝက်စာလောက်ငွေများ..။
"ရှင့်ရဲ့ ရွံစရာ ဘဝအကြောင်းမပြောစမ်းနဲ့။ဒီပိုက်ဆံယူပြီး ကျွန်မ အရှေ့က အခုချက်ချင်းထွက်သွားလိုက်။ဒီမှာ ထပ်ရှိနေရင် ရှင့်ကို ကာအိန္ဒြေ ပျက်ပြားစေတဲ့ အမှုနဲ့ထောင်ထဲထည့်ပစ်မယ်"
လှပသလောက် မောက်မာတတ်သောသူမ..။
ရင့်ကျက်သလောက် မာနကြီးသော သူမ..။ရွှေဇွန်းကိုက်ကာမွေးဖွားလာခဲ့ရသည်မို့ ဒီလိုမောက်မာ ရိုင်းစိုင်းတတ်တာ သဘာဝပေမဲ့ Driver ဦးလေးကြီးမှာ ပိုက်ဆံယူကာ ထွက်လာခဲ့ရသည်..။နောက်ဆုံးအလုပ်မှာပြုတ်သွားတာကြောင့် မျက်ရည်များစမ်းတမ်းတမ်းဖြင့် မျက်မမြင်သမီးငယ်ကို ရှေ့ဆက်ဘယ်လိုလုပ်ကျွေးရမလဲ လို့တွေးကာ ရင်မောခြင်းများစွားဖြင့်ကျောခိုင်းခဲ့ရသည်...။