Twenty - Five

8.3K 893 62
                                    

(Unicode)

"ကျေးဇူးပါ"

Counterကပေးတဲ့ice chocolate တစ်ခွက်ကိုယူကာ အပြင်ကိုထွက်လာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့လက်ထဲ ခွက် လွတ်ကျမတတ်..။

ခုနကလေးတင်အကောင်းကြီးရှိသောသူ့ကားက အခုတော့ ​ရှေ့မီးလုံးကွဲနေသည်။နောက်တော့ သူ့ကားကိုမှီကာနေနေသည့်အမျိုးသား...။

"Yrrrrr ဘယ်လိုဖြစ်တာလဲ!!"

"Oops အလှလေး ဒါမင်းကားလား sorryကွာ ကိုယ်တိုက်မိလိုက်တယ်"

မရင်းနှီးသောအသံနဲ့အတူ စွပ်စွပ်စွဲစွဲ အလှလေးလို့လာခေါ်သောဒင်းကိုကြည့်တော့ မြင်ဖူးသလိုလို..။

"ကိုယ်လေ ရှင်းယောင်းဂျယ်"

ဒီ mother f-...

"ကိုယ်ကြောင့်မလို့ ဝပ်ရှော့ ပို့ပေးမယ်လေ။လျော်ကြေးအတွက်လဲပြောရအောင် ကိုယ့်ကို ဖုန်းနံပါတ်လေးရေးပေးမလား"

ဘောပင်တစ်ချောင်း ထိုးပေးလာတဲ့ ဒင်း။ထိုဘောပင်နဲ့တင် မျက်လုံးကိုဖောက်ပစ်ချင်စိတ်တဖွားဖွားပင်။

"မန်နေဂျာလွှတ်လိုက်မှာ မလို့ သူနဲ့ပဲရှင်းလိုက်"

"ဒါပေမဲ့ ဒါ အလှလေးကားလေ ကိုယ်ကတော့ ပိုင်ရှင်နဲ့ပဲပြောချင်တယ်"

"အရေးမပါတဲ့ကိစ္စကို ဖုန်းနံပါတ်မပေးချင်ဘူး။မင်းလျော်ပေးချင်လဲလျော်ပေး မလျော်ပေးချင်ရင်လဲမလျော်ပေးနဲ့ ငါကတော့No Problem Ok"

တမင်တကာဝင်တိုက်ပြီးဇာတ်လမ်းတွေလာဆင်နေသော ဒင်းရဲ့အကြောင်းရင်းကိုမသိရအောင် ကင်မ်ထယ်ယောင်းက မစဥ်းစားတတ်တဲ့သူလဲမဟုတ်။
​ရှေ့မီးလုံးတစ်ခုလုံးလဲရမှာဖြစ်တာကြောင့် ပိုက်ဆံအတော်ကုန်မည်ဆိုတာသိပေမဲ့လည်း သူ့လိုငပွေကောင်နဲ့ မပတ်သတ်ချင်..

သူ့အပြောကို ဘာသဘောကျစရာပါလဲမသိ ပြုံးမြဲပြုံးဆဲ..။

"ဒါဆိုလဲ ဒဲ့ပြောတာပြော ကိုယ် မင်းကိုသဘောကျတယ်။မင်းနဲ့တွဲချင်တယ်"

"ငါကတော့ သဘောလဲမကျသလို တွဲလဲမတွဲချင်ဘူး"

"ဒါပေမဲ့ မင်း ကိုယ့်ကိုတွဲကိုတွဲရမယ်ဆိုရင်ရော"

NeverWhere stories live. Discover now