Twelve

9.5K 974 86
                                    

(Unicode)

နာရီဝက်လောက်တောင်မကြာသော Artificial insemination treatment ဖြစ်ပေမဲ့ ခွဲခန်းကိုဝင်သွားသော အကို့ကြောင့် ဂျောင်ကု တစ်​ယောက် စိတ်ပူနေသည်။သူထင်တာကာ ဗိုက် ဒါမှမဟုတ် ဆီးစပ်နေရာကို ဆေးထိုးအပ်နဲ့ထိုးသွင်းရမယ်လို့ထင်ပေမဲ့ အမှန်တော့ ကလေးမွေးမည့်နေရာမှာ ထိုးသွင်းရတာကြောင့် ထုံဆေးထိုးသော်လည်း အနည်းနဲ့အများ နာကျင်မှာပဲ..။

ဖြစ်နိုင်ရင် ရပ်လိုက်တော့ဟူ၍ သူတားလိုက်ချင်ပေမဲ့လည်း မရ...။

"မောင် ထိုင်လေ ဘာဖြစ်လို့လဲ"

"အင်း မထိုင်ချင်လို့ ရတယ်"

သိပ်မကြာလိုက် အကိုနဲ့အတူ ထွက်လာတဲ့ဆရာဝန်မ များ..။

"Artificial insemination ကတော့ အဆင်ပြေပြေ လုပ်ပြီးပြီ။ ကျွန်မတို့ ဆက်စောင့်ကြည့်ရမှာပဲ ကင်မ်ထယ်ယောင်း ရော နေရထိုင်ရတာ အဆင်ပြေရဲ့လား"

"သက်သာပါတယ်"

"ဟုတ်ပြီ ဒါဆို အဝတ်စားလဲ ပြီးရင် ပြန်လို့ရပါပြီနော်"

"ကင်မ်ထယ်ယောင်း အမေ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တော့။ကျွန်မတို့ ရှင့်အတွက် Apartmentတစ်ခု ငှားထားပေးတယ် အဲ့မှာ ပန်းခြံပါရှိတော့ အေးအေးဆေးဆေးနေလို့ရတယ်"

သူမစကားကြောင့် အကိုက သူ့အမေနဲ့နှုတ်ဆက်ရမည်ကိုတွေးမိသွားလားမသိ။မျက်နှာ ညိုးကနဲ ဖြစ်သွားသည်။အမေတစ်ခုသားတစ်ခုမို့ဝေးနေရသည့် အချိန်တွင်ခံစားရသည်ကို နားလည်တာကတစ်ကြောင်း အကို့မျက်နှာလေး ညိုးနေယုံနဲ့တင် မနေတတ်တာတစ်ကြောင်း မို့....၊

"မ ကလဲ တစ်ပတ်လောက်တော့ အချိန်ယူပါစေပေါ့။ တစ်နှစ် နှစ်နှစ် လောက် မတွေ့ပဲနေရမှာကို ​အဲ့တစ်ပတ်အတွင်းမှာလဲ အေးအေးဆေးဆေး နှုတ်ဆက်ပြီးမှ Apartments ကိုသွားခိုင်းပေါ့"

"ဟုတ်ပါတယ် အဲ့ဒါဆို Apartment ကို အရင်လိုက်ပြလိုက်မယ် ပြီးမှ ပြန်ကြတာပေါ့"

"မ အစည်းဝေးရှိတယ်ဆို သွားနှင့်လေ ကျွန်တော် သူ့ကိုပြပြီး စာအုပ်တိုက်ဝင်ပြီးမှ ပြန်တော့မယ်"

အကိုနဲ့ နှစ်ယောက်အတူတူရှိချင်လို့ ပြောလိုက်ပေမဲ့ သူမ သံသယဝင်မှာလဲစိုးလှသည်။သူမကတော့ သူ့ကိုခဏကြည့်ကာပင်...။

NeverWhere stories live. Discover now