Finale

17.2K 1K 54
                                    

(Unicode)

"သား ပါးပါးနဲ့ ဒီဒီအပေါ်ကိုမဆိုးရဘူးနော်"

"Nae မီမီစစ်စတာ"

သားရဲ့အဖြေကြောင့် သူမ ပြုံးလိုက်မိသည်။တစ်လတစ်ခါ သူမရှိရာကို မပျက်မကွက်လာသော ဂျောင်ကုတို့ကြောင့် အလွမ်းပြေလှသည်။

မီမီ ဆိုသော နေရာမှာ စစ်စတာ ထပ်ပေါင်းရင်း မီမီစစ်စတာလို့ခေါ်သော သားလေးကအခုဆို မူကြိုတောင်တက်နေပြီတဲ့လေ။

အရာအားလုံးအဆင်ပြေ​ပြေဖြစ်နေတာကြောင့်သူမ အခုလိုဆုံးဖြတ်ချက်ချခဲ့တာကိုကျေးဇူးတင်လို့မဆုံး..။
သူမလဲ အခုတော့ ဘုရားသခင်ရဲ့အရိပ်အာဝါသအောက်မှာအေးချမ်းနေပြီ။
.
.
.

အဝေးမှာရှိသော လီအင်မ်ဆူနဲ့သားကိုကြည့်ရင်းဂျောင်ကုပြုံးလိုက်မိသည်။သူ့ဘေးနားမှာထိုင်နေတဲ့အကိုကလဲ သူတို့ကိုကြည့်ရင်းပြုံးလျက်....။

အရာအားလုံး ၃လကြာသွားကာ ပုံမှန်အခြေနေတွေကိုရောက်သွားခဲ့သည်။မနက်ပိုင်းနှစ်ယောက်အတူတူအလုပ်သွားရင်း သားကိုကျောင်းပို့သည်.. အပြန်အတူတူဝင်ကြိုကာ အားရက်တွေမှာလည်း လျှောက်လည်ကြမုန့်စားကြဖြင့် အဆင်ပြေ​ပြေပင်။

နှစ်လတစ်ခါ သုံးလတစ်ခါလောက်တော့ လီအင်မ်ဆူ တို့ဆီရောက်လာကာ လှူတန်းမှုတစ်ချို့တစ်လေ လုပ်ရင်း သားနဲ့ပေးတွေ့စေသည်။အကိုကိုယ်တိုင်က တိုက်တိုက်တွန်းတွန်းမို့ သူတို့ကြားမှ ဘာပြဿနာမှမရှိတော့ပါ။

.
.
.
အိမ်ပြန်လမ်းတွင်တော့ သားက အနောက်ခန်းမှာငိုက်မြည်းနေချေပြီ။ဂျောင်ကုလဲ ကားဂရုတစိုက်မောင်းကာ ထယ်ယောင်းလက်ကိုလဲ အကိုင်မပြတ်။

"အိမ်ပြန်ရောက်ရင် သားကိုအင်္ကျီတွေထည့်ပေးရမယ်။မနက်ဖန် ဘူဆန်ကိုသွားမယ်ဆိုတော့။တစ်ရက်ကြီးများတောင် ပျင်းနေရတော့မှာပဲ"

"အကိုကလဲ ကျွန်တော်တစ်ယောက်လုံးရှိတာကို"

"မင်းက ကပြမှာမလို့လား"

ဘုတောတောလာတဲ့ အကို။သားကို ဆရာမတွေနဲ့ဘူဆန်လွှတ်တာ မကြိုက်ပေမဲ့ သူကပြောလို့သာမလွှတ်ချင်ပဲလွှတ်လိုက်ရသည်လေ။

NeverWhere stories live. Discover now