(Unicode)
ကန်စွန်းဥပြုတ်နွေးနွေးကိုရင်ဘက်ထဲ ပိုက်ကာ မှတ်ထားသော ၁၂၃၀ နံပါတ်အားရိုက်နှိပ်လိုက်တော့ တီခနဲ ဖြင့်ပွင့်သွားသည်။
တိတ်ဆိတ်နေသော အခန်းလေးကြောင့် အကိုအထဲမှာပဲ အိပ်နေမယ်ဆိုတာသိတာကြောင့် အိပ်ခန်းထဲကိုဝင်သွားတော့ တကယ်ပင် စောင်ပုံထဲနစ်ကာ အိပ်ပျော်နေသည်။ရင်ဘက်မှာလဲ ခေါင်းအုံးလေးကိုဖက်ထားပြီး ဒူးခေါင်းလေးကွေးထားသော ပုဇွန်ထုပ် လေးကိုကွေးကွေးလေးလိုပင်..။
ညနေ၅နာရီ ဖြစ်တာကြောင့် ဆက်အိပ်ရင်းညည်းစိစိဖြစ်လာမှာဆိုးလို့ ဖွဲကျနေသော ဆံပင်ကိုသပ်ကာ နှဖူးကို နမ်းလိုက်တော့ အအိပ်ဆက်တဲ့ အကိုက မျက်လုံးချက်ချင်းပွင့်လာသည်။
"ထတော့ နေဝင်တော့မယ်။အပြင်မှာလဲ နှင်းတွေတအားကျနေတယ်"
"အင်း မွှေးမွှေးလေးနဲ့ ဘာအနံ့လဲ"
အကို့အပေါ်ကိုခါးတစ်ဝက်အုပ်မိုးထားတော့ ရင်ဘက်ကို တရှုးရှုးနဲ့ နမ်းရှုံ့နေသော အကို အစားပုတ်...။
"ကန်စွန်းဥပြုတ်"
"ဟုတ်လား မွှေးလိုက်တာ စားမယ် စားမယ်"
ချက်ချင်းပင် ငေါက်ခနဲလာတာကြောင့် နှဖူးကိုတောက်လိုက်ကာ..။
"အကိုအစားပုတ် လူကိုကျတော့မကြိုဆိုဘူး"
"မောင်ကလဲ မောင်က ကြိုဆိုစရာမလိုအောင် အိမ်ရှင်ဖြစ်ပြီးသားကို ဟုတ်တယ်မလား။ကန်စွန်းဥလေးကအခုမှ ပါလာဆိုတော့ ဧည့်သည်ပဲလေ"
"အကိုစကားသိပ်တတ်တယ်"
"မောင့်ကိုချစ်လို့ပဲကို"
မောင့်ကို ချစ်လို့ပဲကို ဆိုသောစကားနဲ့ အနိုင်ယူသွားသော အကို့ကို ဂျောင်ကုအလံဖြူလိုက်ရပြီ။ပူပူနွေးနွေး ကန်းစွန်းဥပြုတ်ကိုကောင်းကောင်းစားနေသော အကိုက သူ့ကိုဘယ်လို အနိုင်ယူရမလဲသိသည်။
အားနည်းချက်ကလဲ အကို့ချစ်တာဖြစ်သလို အာားသာချက်လဲ အကို့ကိုပဲချစ်တာ ဖြစ်တာကြောင့် အားသာချက် အားနည်းချက်ပိုင်ရှင်လေး အကိုကတော့ ချုပ်လိုက် ချော့လိုက်နဲ့ပေါ့လေ..။