Sixteen

8K 913 70
                                    

(Unicode)

အကိုရှိသော်အခန်းထဲသွားချင်ပေမဲ့ သူမရဲ့ အရိပ်အောက်မှာနေနေရသည်ဆိုတော့လည်း ဆန္ဒကို သိက္ခာနဲ့ချုပ်တည်းထားရသည်...။

ကံကောင်းတယ်လို့ပဲပြောရမလား...စာဖတ်ခန်းနဲ့ အစ်ကို့အခန်းကအောက်ထပ်မှာရှိတာမို့ စာဖတ်ရင်းသွားတွေ့သလိုလုပ်လို့ရသေးသည်။ဒါပေမဲ့ အခုက ညစာစားဖိုပြင်နေချိန်ဖြစ်တာကြောင့် သွားတွေ့ဖို့လဲအဆင်မပြေတာမို့  ထမင်းစားမှတွေ့တော့မယ်လို့စိတ်ထဲးတေးထားသည်...။

အမြဲတမ်းရှိချင်တာပေါ့ အကို့နားမှာ..အခုလို အကိုက ယောကျာ်းလေးဒဏ်မဲ့ သူ့ရင်သွေးလေးကိုလွယ်ပေးထားချိန်ဆိုပိုရှိနေချင်တာ..။

အချိန်တိုင်း ထွေးပွေ့ယုယချင်စိတ်ကတော့ သူ့ကိုဘယ်အရာမှမတားနိုင်လောက်ပင်....။

ဒါပေမဲ့ ကြိုးစားမှ အရာထင်မယ်ဆိုတဲ့ ဆုံးမစကားကြောင့် အကို့ကိုထိုလို အချိန်တိုင်းထွေးပွေ့ထားဖို့ သူအရင်ကြိုးစားရမည်မဟုတ်လား..။

"ဒေါက် ဒေါက်"

"သခင်လေး ညစာ အဆင်သင့်ဖြစ်ပါပြီ"

အပြင်ဘက်က အိမ်တော်ထိန်းအသံကြောင့် ဖတ်လက်စ စာအုပ်ကိုချကာ ထမင်းစားပွဲဝိုင်းကိုသွားကြည့်တော့ အရင်လို ခြောက်ကပ်တဲ့ ထမင်းစားပွဲအတိုင်း သူမရယ် သူရယ် နှစ်​ယောက်ထဲ..ဒါဆိုအကိုကရော..။

"မောင် လာလေ ဘာငေးနေတာလဲ"

ခဏနေမှလာမလားဟူသောစိတ်နဲ့ ဝင်ထိုင်လိုက်တော့ သူ့ထမင်းပန်းကန်တွေဟင်းတွေထည့်ပေးနေသောသူမ...။

ဆက်လည်းမစောင့်နိုင်တာကြောင့် အိမ်တော်ထိန်းကိုမေးရန်ဆုံးဖြတ်လိုက်သည်...။

"အိမ်တော်ထိန်း ထယ်ယောင်းရော သူ့ကိုလဲသွားခေါ်လိုက်ပါ"

"ရှင် ဟို"

"မ မခေါ်ခိုင်းတာပဲ ဘာဖြစ်လို့လဲ"

တစ်ခုခုပြောရမှာတွန့်ဆုတ်နေတဲ့ အိမ်တော်ထိန်း ကိုကြားဖြတ်ကာ ဖြေလာသော မ..။

"ဘာလို့လဲ!! သူလဲ ဒီအိမ်ရဲ့ ဧည့်သည်ပဲလေ"

"ခဏနေ အဒေါ်ကြီးယူတို့နဲ့စားခိုင်းမယ်။အခုစားရမှာက ဒီအိမ်ရဲ့ ပိုင်ရှင် သက်ဆိုင်သူတွေပဲစားရမှာ"

NeverWhere stories live. Discover now