(Unicode)
"မောင်!!"
မောင်...
ခပ်ဩဩရှရှ ဆွဲဆောင်မှုရှိတဲ့အသံတစ်ခုက သူ့ကိုခေါ်လာခဲ့သည်..။
ထိုနာမ်စားထွက်ရာ လေးထောင့်ဆန်အနားသတ်များနဲ ကွပ်ထားတဲ့နှုတ်ခမ်းဖျားလေးက သူ့အနမ်းတွေ အပိုင်စိုးရာနယ်မြေ..။ထမင်းဘူးလေးကိုကျစ်ကျစ်ကိုင်ကာ သူ့အနားရောက်လာတဲ့ အကို..။
အမြဲတမ်းတက်တက်ကြွကြွနဲ့ အပြုံးများ မသေရာ နှုတ်ခမ်းပါးလေးက အခုလဲ အပြုံးလက်စွဲ ဖြင့်..။
"စောင့်ရတာ ကြာသွားလား ဟီး"
"မကြာပါဘူး အကိုရဲ့။အကိုရောပြေးလာတာလား"
"ဟုတ်တယ်။အကို့ရဲ့ မောင် စောင့်ရတာအရမ်းကြာသွားမှာဆိုးလို့"
ချွဲသလိုလဲပြောတတ်သည့်အကို့က သူ့ရဲ့ နေ့တိုင်းရှင်သန်ရာဒုတိယအားဆေးတစ်ခွက်..။
"မောင် ဒီနေ့ ဘာဟင်းပါလဲ။အကို ကတော့ ရေညှိထမင်းလိပ် နဲ့ကင်မ်ချီ"
"ကျွန်တော်ကတော့ ဟင်းနုနယ်ရွက်ကြော်ရယ် ကြက်ဥလိပ်ရယ် ထမင်းရယ်"
"ဟင်းနုနွယ်ကြီးမကြိုက်ပါဘူး"
နှာခေါင်းကို ရှုံ့တက်သွားတဲ့ အကိုက သူ့အတွက် အသဲယားဖွယ်အတိ...။
နှာခေါင်းကို မနာအောင်ဆွဲညစ်လိုက်တော့ 'အိုက်ယား' ဆိုပြီးအော်သေးသည်။"အာ ဒါ အကို ကိုယ်တိုင်လုပ်လာတာ စားကြည့်"
အကို့သဘောကျ သူပါးစပ်အလိုက်သင့်ဟပေးလိုက်တော့ အာခံတွင်းထဲဝင်လာတဲ့ ရေညှိထမင်းလိပ်..။
တကယ်ပင်စားကောင်းတာမို့ လက်မ တထောင်ထောင်လုပ်ပြလိုက်တော့ ထပ်ပြုံးကာပင် ရေညှိထမင်းလိပ် စားနေသည်..။
ဘူဆန်သားသူနဲ့ဒယ်ဂူသားအကိုက ဘဝအခြေနေခြင်းလုံးဝတူသည်..။
အမေတစ်ခု သားတစ်ခု ဖြစ်တာရယ် အမေ့ကိုဦးစားပေးတာရယ် ဆိုတဲ့အချက်က အကိုနဲ့သူ့ကိုနီးစပ်စေခဲ့သည်..။
နေထိုင်ရာရပ်ကွက်ချင်းလဲတူသလို လျှောက်ခဲ့သော အလုပ်ကလဲအတူတူကျတာကြောင့် သွားတူလာတူပင်..။