(Unicode)
သားကိုချီပြီးထွက်လာတော့ နိုင်ငံခြားသားတစ်ယောက်နဲ့စကားပြောသော သူမ..။
သူတို့အနားရောက်သွားတော့ သူ့လက်မောင်းကို ကိုင်ကာ..။"Alex ဒါ ငါ့ အမျိုးသား။ဒါကတော့ ငါတို့သားလေး"
"Oh သားသားက ချစ်စရာလေး"
"ဒါပေါ့ ငါတို့သားပဲကို။မောင် ဒါက မ Switzerland မှာ ကျောင်းတတ်တုန်းကခင်တဲ့ သူငယ်ချင်း Alex"
ဝတ်ကျေတန်းကျေ ပြုံးပြလိုက်တော့ လက်ဆွဲနှုတ်ဆက်သော ထိုလူကြောင့် သူပါလက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဒါဆို ငါသွားဦးမယ် meeting ရှိလို့ နောက်မှ ဆက်သွယ်လိုက်မယ်"
"Ok bye"
အရှေ့ကထွက်သွားတဲ့သူမနောက်ကို သားကိုချီကာပင်လိုက်လာခဲ့လိုက်သည်။ကားအနားရောက်မှ
"မောင် မ အစည်းဝေးရှိလို့ မလိုက်တော့ဘူး မောင်တို့ပဲ ပြန်လိုက်"
"အင်း"
"မီမီ ယောင်းယောင်းအရုပ်ဝယ်မယ်လေ"
"မီမီတောင်းပန်ပါတယ်ကွယ် ဒီဒီနဲ့ပဲသွားလိုက်နော် ဟုတ်ပြီလား"
ကလေးနှဖူးအား နမ်းကာပင်ထွက်သွားသောသူမ..။သားသားကတော့ အရုပ်တူတူသွားဝယ်မယ်ဆိုသော ကတိလေးပျက်သွားတာကြောင့် မျက်နှာကမဲ့ခါစပြုနေပြီလေ။
"မီမီ နဲ့မသွားရရင် ဒီဒီနဲ့သွားမှာပေါ့ ဟုတ်ပြီလား။"
"ဟုတ်"
အမြဲတမ်း အလုပ်ကိုပဲတစ်လို့သတ်မှတ်နေတဲ့သူမက သားကိုပိုက်ဆံတာဝန်ကျေခဲ့သည်မှလွဲ၍ ကျန်မရှိ။ညအိပ်တိုင်းပုံပြင် ပြောဖို့ ဆုံးမသွန်သင်ဖို့ တွေကို လုပ်ပေးဖို့ပြောသော်လည်း မောင်လဲ လုပ်လို့ရတာပဲ ဆိုသည့်စကားနဲ့ပဲ ပြောနေတာကြောင့် ကြာလာတော့သူပဲ ကလေးကိုထိန်းကြောင်းနေမိသည်။သားသားကလဲငယ်သေးတဲ့အရွယ်မို့ ဘာမှမဖြစ်ပေမဲ့ ကြီးလာရင် စိတ်နာမှာလဲကြောက်မိသည်။တစ်ခုကောင်းတာကတော့ သားသားဟာ အကို့လိုစိတ်ကောင်းရှိတဲ့ ကလေးလေးတစ်ယောက်ဖြစ်တာပင်။
"ဒီဒီသွားမယ် သွားမယ်"
"ဟုတ်ပါပြီဗျ"
....