(Unicode)
"ဘယ်ဘက်ကိုကွေ့ပါ"
"ဘယ်ဘက်ကိုကွေ့ပါ"
"ဘယ်ဘက်ကိုကွေ့ပါ"
"ဒီ Bitch ကတော့ ငါ့ကိုထောင်ထဲပို့နေတယ်"
ထယ်ယောင်း ကျိန်ဆဲလိုက်ကာ လမ်းညွှန်စက်ကြီးကိုပိတ်လိုက်သည်။
Switzerland ရောက်မှ ကားမောင်းတတ်တာကြောင့် Korea လမ်းတွေကို အလွယ်တကူ မောင်းဖို့ကထယ်ယောင်းအတွက် အတော်လေးခက်လှသည်။
ဘုမသိဘမသိရှေ့မသိနောက်မကြည့်ပဲပြောနေတဲ့ လမ်းညွှန်စက်ထဲက မိန်းမနဲ့လဲထယ်ယောင်း ရန်ဖြစ်နေသည်မှာ ခဏခဏ...။သူမပြောသလိုသာ ဘယ်ဘက်ကိုသာကွေ့လျှင် လမ်းပြောင်းပြန်ဖြစ်ကာ ကားတိုက်မှုတွေ ဖြစ်မှာမလွဲမသွေ....။
ကြံရာမရတဲ့အဆုံး ဖုန်းထဲက Map ကိုဖွင့်လိုက်သည်။အနည်းငယ်တော့မှန်လောက်မှာပါ လို့ယုံကြည်ရင်း ဖြေးဖြေးချင်းမောင်းခဲ့လိုက်သည်။ကပေါက်တိကပေါက်ချာ ၁နာရီကျော်လောက် မောင်းပြီးတော့ ထယ်ယောင်းရောက်ချင်သော ကစားကွင်းကြီးဆီကိုရောက်လာခဲ့ပြီ။
လူတွေလဲ ဟိုစုစု ဒီစုစုနဲ့ အပေါင်းပါးတွေပျော်ပျော်ပါးပါး ကစားနေကြပေမဲ့ သူကတော့တစ်ယောက်ထဲ...။မထူးဆန်းတော့ သူတစ်ယောက်ထဲ ဖြစ်နေခဲ့တာကြာပြီပဲ...။
ဘာမှတော့မစီးချင်ပေမဲ့တစ်ယောက်ထဲ လက်နောက်ပစ်ကာ ဆရာကြီးလိုလို ကမ္ဘာကြီးလိုလို ဆိုဒ်ဖြင့်လျှောက်နေတုန်း သူ့ခြေထောက်ရှေ့ကိုတလိမ်လိမ့်ရောက်လာသော ဘောလုံးနဲ့အတူ မှောက်ယက်လဲကျလာသော ကလေးလေးတစ်ယောက်....။
"ဟင့် pain pain နာ နာ"
Pain pain နာနာ ပြောပြီး မငိုပဲ သူ့ဘာသာသူ ကုန်းရုန်းထနေတာကြောင့် ဒီကလေး စိတ်မပျော့မှန်းသိလိုက်သည်။သူ့ခြေထောက်ကနားကဘောလုံးကိုကောက်ကာ သူ့ကိုမော့ကြည့်ရင်းခေါင်းစောင်းသွားတာကြောင့်သူပါလိုက်စောင်းလိုက်တော့...။
"အယ်?"
"အယ်??"
"အွန့်"
"အွန်"
ကလေး လေးသံယောင်နောက်ကိုလိုက်ရင်း ထယ်ယောင်းစနေမိသည်။
သမင်မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ကိုတစ်စုံတစ်ယောက်ဆီသတိရမိတာတော့အမှန်...။နှာခေါင်းထိပ်ကမှဲ့လေးမြင်တော့ ကိုယ့်မှဲ့ကိုယ်သတိရကာ တော်တော်တိုက်ဆိုင်ပါလားဟုတွေးမိသွားသေးသည်။