1.1

7.1K 801 15
                                    

(Unicode)

မြေအောက်ရထားက ဒီနေ့တော့ လူကြပ်မနေဘူး။ ထောင့်တစ်နေရာမှာ ဝင်ထိုင်လိုက်တော့ အရှေ့တည့်တည့်မှာ ရထားရဲ့နံရံမှာကပ်ထားတဲ့ပိုစတာတစ်ခုကိုမြင်လိုက်ရတယ်။

' မင်းကဒီစိတ်ဆန္ဒ‌တွေဆီကလည်းမလွတ်မြောက်နိုင်ဘူး။ မင်းရဲ့ခင်ပွန်းဆီကိုလည်း ဖွင့်မချပြနိုင်ဘူး ' ဆိုတဲ့ ပေါကြောင်ကြောင်စာသားတချို့နဲ့ မင်းသားမင်းသမီး နမ်းရှိုက်မလိုအနေအထားပုံစံ။ 'လျှို့ဝှက်ချက်'လို့လည်း ခေါင်းစဉ်တပ်ထားသေးတယ်။

မကြာသေးခင်က အိမ်မှာကျန့်ကောနဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုမြင်ယောင်သွားရတယ်။ စိတ်ရှုပ်စရာပါ။ ကျန့်ကောရဲ့အဲ့ဒီကိစ္စမှာ သူကဝင်စွက်ဖက်ပိုင်ခွင့်ရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး ပြောမိသွားတာကိုက စိတ်ရှုပ်စရာပဲ။ သူ့ကိုယ်သူအထင်ကြီးမိသွားတာပဲ။

ကျန့်ကောနဲ့သူက အလယ်တန်းမှာတည်းက စသိခဲ့တယ်။ အဲ့တော့ ငယ်သူငယ်ချင်းလို့ပြောရင်လည်းမမှားဘူး။ သူ့ထက်တစ်နှစ်ကျော် နှစ်နှစ်နီးပါးကြီးပေမယ့် ကျောင်းတက်နောက်ကျတဲ့ကျန့်ကောက သူနဲ့အတန်းအတူတူပဲ။ ရွယ်တူလိုပြောဆိုဖို့ပြောပေမယ့် 'ကျန့်ကော'ဆိုတဲ့အခေါ်ကိုသာ သူကနှစ်ခြိုက်မိခဲ့တယ်။

နောက်ပိုင်း ကိစ္စတွေတော်တော်များများဖြစ်ခဲ့ပြီး ကျန့်ကောနဲ့သူ ကွဲသွားခဲ့တယ်။ သိပ်မကြာခင်တုန်းက ကျောင်းသားဟောင်းမိတ်ဆုံစားပွဲမှာပြန်ဆုံပြီး နောက်ပိုင်းမကြာခဏထပ်တွေ့ခဲ့ကြတယ်။ ဒီနေ့လိုမျိုးပေါ့။ တစ်ယောက်အိမ်မှာ တစ်ယောက်လိုက်နေပြီး အိပ်ကြတဲ့အခါမျိုးတွေရှိတယ်။

တကယ်တော့သူက အဲ့ဒီ ဟိုးအရင်အချိန်ဆိုတဲ့ အခိုက်အတန့်မှာတည်းက ကျန့်ကောကိုချစ်နေခဲ့ပြီးသားဖြစ်တယ်။

" Good Morning ဝမ်ကော။ ပိုစတာတွေရပြီ‌နော် ရထားတွေမှာလိုက်ကပ်ပြီးပြီလို့ပြောတယ်။ တွေ့ခဲ့လား တွေ့ခဲ့လား "

ရုံးခန်းထဲဝင်ဝင်ချင်း စီခနဲကြားလိုက်ရတဲ့ သူ့လက်အောက်ကအလုပ်သင် နျဉ်ရှိုမင်။ သွက်သွက်လက်လက်ကလေးမို့လို့ သူ့လက်အောက်မှာထားဖို့ခွင့်ပြုလိုက်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အဲ့ဒီပိစိက သွက်လက်လွန်းမကသွက်လက်လွန်းတာသိလာရလေ သူစိတ်ညစ်ရလေပဲ။

If I Can't Have You [COMPLETED]Where stories live. Discover now