5.1

3.9K 561 12
                                    

(Unicode)

အရာရာတိုင်းအဆင်မပြေနိုင်ဘူးဆိုတာနားလည်နိုင်ပေမယ့် အချစ်ရေးမှာအဆင်ပြေနေတဲ့အချိန် အလုပ်မှာအခက်အခဲပေါ်လာလိမ့်မယ်လို့တော့ ရိပေါ်ကထင်မထားခဲ့။

“ ဝမ်ကော အဆင်ပြေရဲ့လား ”

သူတို့အလုပ်ကနေ ပြည်ပကိုပညာဆည်းပူးဖို့လွှတ်မယ့်အရေးမှာ ရိပေါ်ကထောက်ခံချက်အပြည့်အဝရထားပေမယ့် အခုတော့ သူမဟုတ်ပဲ တခြားအဖွဲ့ကလူ (ရိပေါ်နဲ့ပြိုင်ဘက်) က ထိုအခွင့်အရေးကိုရသွားလေတယ်။

“ အင်း အဆင်‌ပြေတယ် ”

ရှိုမင်ကတော့ မျက်နှာသိပ်မကောင်း။ ရိပေါ်က နည်းနည်းတော့အံ့ဩသွားတာဆိုပေမယ့် အဆင်ကတကယ်ပြေတယ်။ အရင်ကတော့ ပညာပိုလိုချင်တာကြောင့် ပြည်ပထွက်ရရင်ကောင်းမယ်ဆိုတဲ့အတွေးရှိခဲ့ပေမယ့် အခုတော့ ကျန့်ကောနဲ့ခွဲမသွားချင်။

“ အာာ ဝမ်းနည်းနေတာလား။ ဝမ်းမနည်းပါနဲ့ နောက်တော့လည်း မင်းအတွက် အခွင့်အရေးရလာမှာပေါ့ ”

အခွင့်အရေးကိုရသွားတာက ဖြတ်လမ်းနည်းနဲ့ဆိုပေမယ့် တစ်စက်မှအရှက်မရှိတဲ့ကောင်က ရိပေါ်ကိုခနဲ့တဲ့တဲ့ဆိုတယ်။ အရင်တုန်းကလိုဆို သူရွဲ့ကိုယ်ရွဲ့ ပြန်ရွဲ့ပစ်လိုက်မှာပေမယ့် အလုပ်မှာအဆင်မပြေလည်း စိတ်ကိုဖြေလျှော့တတ်တဲ့ကျန့်ကောကိုတွေ့ရတိုင်း သူကပါ ခန္တီပါရမီတိုးတက်လာရသည်မို့ ...

“ ဝမ်းသာပါတယ် အခွင့်အရေးဆိုတာ လူတိုင်းရနိုင်တာမှမဟုတ်ပဲ ”

ရန်လာစတဲ့ကောင်က နည်းနည်းတော့အို့တို့အမ်းတမ်းဖြစ်သွားတဲ့ပုံပါပဲ။ ကမ်းထားတဲ့ရိပေါ်လက်ကိုတောင် ပြန်ပြီးမဆုပ်ကိုင်လာနိုင်ချေ။ ရိပေါ်ကတကယ်ကိုအေးဆေးပါ ဒီအခွင့်အရေးရရင်လည်း သူကငြင်းပယ်မယ့်အတူတူဆိုတော့ မရတာပဲကောင်းပါတယ်။

အပြိုင်အဆိုင်ရှိတဲ့အလုပ်ထဲ နည်းနည်းလေးတော့ သိက္ခာကျရတယ်ဆိုပေမယ့် ပြည်ပသွားပြီးပညာဆည်းပူးရမယ့်အရေးထက် ကျန့်ကောနားကပ်နေရမယ့်အရေးက သူ့အတွက် ပိုလို့အရေးကြီးနေတယ်။

“ ရိပေါ်တောင်ဘယ်ဆိုးလို့လဲ။ ရင့်ကျက်လာပါလား ”

“ အချစ်ကပေးတဲ့ပညာတွေပေါ့ဗျာ ”

If I Can't Have You [COMPLETED]Where stories live. Discover now