4.1

4.9K 631 5
                                    

(Unicode)

“ တကယ်က ကျဲကငါ့အဖေနောက်အိမ်ထောင်ရဲ့ အမျိုးသမီးကပါလာတဲ့သမီး။ ငါလည်းသိတာမကြာသေးဘူး မင်းကိုတော့ တမင်လိမ်ထားခဲ့တာ ”

ရိပေါ်ကတကယ်ကိုအံ့ဩသွားခဲ့တယ်။ ဒါပေမယ့် ကျန့်ကောကိုအပြစ်တင်တာမျိုးတော့မလုပ်မိခဲ့။ ကျန့်ကောဘက်ကတွေးရင်လည်း ရိပေါ်က ကျန့်ကောမှာဆိုင်သူရှိနေမှ အနားမှာပြန်နေပေးတဲ့သူဆိုတော့ ကျန့်ကောကလိမ်ခဲ့မှာပဲ။ သူဒါကိုနားလည်ပေးနိုင်တယ်။

သူ့ရင်ခွင်ထဲကကျန့်ကောက ထိုစကားကိုပြောပြီးပြီးချင်း စိုးထိတ်နေတဲ့ပုံပဲ။ သူ့ရင်ဘတ်ကို လက်သည်းလေးနဲ့ခပ်ဖွဖွကုတ်ခြစ်ရင်း ဘာပြန်ပြောမလဲစောင့်နေတယ်။

“ အဲ့တုန်းက ကျွန်တော့်ခေါင်းထဲဘာမှမတွေးနိုင်ခဲ့ဘူး။ နောင်တရတာတော့အမှန်ပဲ။ ကျွန်တော့်လိုယောက်ျားလေးတစ်ယောက်နဲ့မဟုတ်ပဲ မိန်းကလေးတစ်ယောက်နဲ့ လက်တွဲစေချင်တာမှန်ပေမယ့် ကျန့်ကောအဲ့လိုကာမပိုင်မိန်းကလေးနဲ့တွဲနေတာသိလိုက်ရတော့ ကျွန်တော့်အမှားပဲဆိုပြီး နောင်တရခဲ့တယ် ”

“ ငါတောင်းပန်ပါတယ်။ လိမ်မပြောခဲ့သင့်ဘူး ”

“ ကျွန်တော်ကပဲတောင်းပန်ရမှာ။ ကျန့်ကောကို ပစ်ထားခဲ့မိတယ် ”

ခေါင်းနောက်ကိုဖွဖွထိန်းကိုင်လို့ နဖူးပြင်နုနုထက် နှုတ်ခမ်းနဲ့ဖိကပ်လိုက်တယ်။ ဒီလိုစကားတွေကို ကျန့်ကောကိုနားထောင်စေပြီး အနေရမခက်စေချင်ပေမယ့် သူကျန့်ကောအပေါ် အခုထိအားနာနေဆဲ။

“ အပြန်အလှန်သာတောင်းပန်နေရင် ငါတို့မပြီးတော့ဘူးထင်တယ် ”

ကျန့်ကောကပြုံးပြုံးကလေးဆိုလေရဲ့။ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်ပါတယ်ဆိုတဲ့အပြုံးမျိုး။ ဒီလက်ကလေးကို စောစောမတွဲခဲ့ပဲ ငြင်းပယ်ခဲ့မိတဲ့လုပ်ရပ်အပေါ် ရိပေါ်က ဒီ့ထက်ပိုတိုးလို့နောင်တရတယ်။

“ အရမ်းမချစ်ပေးပါနဲ့ ကျွန်တော့်စိတ်တွေရောင့်တက်ကုန်မယ် ”

“ မင်းကမှငါ့ထက်ပိုချစ်တာပါ။ မင်းစိတ်မင်းသေချာမမြင်သေးရုံပဲ။ မင်းငါ့အနားမှာအမြဲနေပေးခဲ့ပြီး ငါ့ကိုအမြဲဂရုစိုက်ပေးခဲ့တာတွေက ငါ့အတွက်အဖိုးတန်လွန်းတယ်။ ငါကတော့မင်းလိုမျိုးဂရုမစိုက်နိုင်ပဲ အတွေးပဲများစေခဲ့တာ ”

If I Can't Have You [COMPLETED]Where stories live. Discover now