3.1

4.2K 651 26
                                    

(Unicode)

〔 ကျွန်တော်တကယ်ချစ်ရတဲ့လူနဲ့လက်ထပ်ပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားချင်ပါတယ်။ 〕

စာကိုရေးပြီးတာနဲ့ သူဘေးဘီဝဲယာကို ဝေ့ဝဲကြည့်မိတယ်။ နံရံကစာတွေကိုလိုက်ဖတ်ကြည့်မိတယ်။ ‘ပုံပစ်တိုင်းကစားဖို့ကျောင်းကစားကွင်းကို အသုံးပြုခွင့်ပေးပါ’ဆိုတဲ့ ခပ်သော့သော့လက်ရေးနဲ့စာတစ်စောင်က သူ့ကိုပြုံးသွားစေတယ်။

အတွေးတွေကပေါ့ပါးလိုက်တာ။ ဒီအရွယ်မှာရေးပြီးကပ်သင့်တာက အဲ့လိုမျိုးပဲဖြစ်သင့်တာမလား။

ဒီဆန္ဒတခုတည်းသာရှိပြီး တခြားဖြစ်ချင်တဲ့ဆန္ဒတွေမရှိတဲ့ရှောင်းကျန့်အတွက်ကကျ ဒီစကားတစ်ခွန်းကိုပဲ ရေးတတ်လေတယ်။ ကပ်လို့ရောဖြစ်ပါ့မလား။

“ ဘယ်လိုတောင်လှနေတဲ့ စာသားလေးလဲ ”

“ အမေ့ !! ”

အနောက်နားဆီက ရုတ်တရက်ထွက်လာတဲ့အသံကြောင့် ရှောင်းကျန့်ကိုယ်လုံးတုန်ခနဲပဲ။ လှည့်ကြည့်မိတော့ သူမြင်လိုက်ရတာ ရိပေါ်။ ဒီလောက်ဆိုးတဲ့အခြေအနေတောင် ဒီ့ထက်ဆိုးမယ်မထင်ပါ။ သူ့ရဲ့ပေါချာချာစာကို ရိပေါ်က ဟာသလို့များထင်မလား။

ပူပန်စိတ်တို့နဲ့အတူ စာရွက်ကိုလုံး‌ခြေပစ်လိုက်မိတယ်။ အဲ့ဒီအခါကျ ရှေ့ကရိပေါ်က မျက်နှာလေးငယ်သွားတယ်။

“ ဘာလို့ဖျက်စီးလိုက်ရတာလဲ။ စာသားလေးကအရမ်းလှနေတာကို။ ကပ်ဖြစ်အောင်ကပ်လိုက်ရမှာဗျာ ”

နှမြောတသနဲ့ပြောလာတဲ့စကားသံ။ ဟာသလို့မထင်ပဲ လှတယ်လို့ထင်တဲ့ရိပေါ်ကို သူကြောင်အပြီးသာကြည့်နေမိတော့တယ်။ ဒီအခြေအနေမှာ မရှက်ဘူးလို့ပြောရင် သူလိမ်ရာကျတော့မယ်။

အဲ့ဒီနောက် သူပြောတာကိုလည်းဂရုမစိုက်လို့ ရိပေါ်က ဘောလုံးအတူကန်ဖို့သူ့ကိုပါခေါ်သွားလေတယ်။ အဲ့ဒီအချိန်ကစလို့ ရိပေါ်က သူ့ရဲ့အထင်ကြီးမှုအကုန်လုံးကို အပိုင်သိမ်းသွားနိုင်ခဲ့ပြီး သူ့အတွက်ဟီးရိုးတစ်ယောက်လိုဖြစ်လာခဲ့တယ်။

ရိပေါ်ကမလုပ်နိုင်တာဘာမှကိုမရှိဘူး။ အားကစားမှာလည်းထူးချွန်သလိုစာမှာလည်းတော်တယ်။ ပန်းချီဆိုလည်း တကယ်တော်တယ်။ ရှောင်းကျန့်ကပန်းချီဝါသနာပါပေမယ့် သူကိုယ်တိုင်ဆွဲဖို့ထက် ရိပေါ်ဆွဲတဲ့ပန်းချီတွေကိုပဲ ကြည့်ချင်မိတယ်။

If I Can't Have You [COMPLETED]Where stories live. Discover now